သာယာဝတီ ဇွန် ၂၈
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်၊ စက်မှုလယ်ယာဦးစီးဌာနက ဒေသခံတောင်သူများ စိုက်ပျိုးချိန်တွင် လုပ်သားရှားပါးမှုအခက်အခဲများမဖြစ်ပေါ်စေရေးအတွက် ကြို့ကုန်းကျေးရွာ တောင်သူဦးမြင့်ဦး၏ လယ်မြေတွင် အမှတ်(၁၄) စက်မှုလယ်ယာစခန်းမှ အနီးပတ်ဝန်းကျင်ကျေးရွာများရှိ ဒေသခံတောင်သူများအား လက်တွေ့သရုပ်ပြမောင်းနှင်ခြင်း သရုပ်ပြမောင်းနှင်ခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းက ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါအခမ်းအနားတွင် စက်မှုလယ်ယာဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးဝင်းသန့်က ကောက်စိုက်စက်ဖြင့်စိုက်ပျိုးခြင်းကြောင့် ရရှိလာမည့် အကျိုးကျေးဇူးများကို ဒေသခံတောင်းသူများအား ရှင်းလင်းပြောကြားခဲ့ပြီး စက်မှုလယ်ယာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးဦးအောင်သူက ဒေသခံတောင်သူများစိုက်ပျိုးချိန်တွင် လုပ်သားရှားပါးမှုအခက်အခဲများ မဖြစ်ပေါ်စေရေးအတွက် စက်မှုလယ်ယာဦးစီးဌာနက အချိန်နှင့်တပြေးညီ ကောက်စိုက်စက်ဖြင့် ဝန်ထမ်းများက စိုက်ပျိုးပေးခြင်းဖြစ်ကြောင်း မြို့နယ်စက်မှုလယ်ယာဦးဌာနမှ မြို့နယ်ဦးစီးမှူး ဦးအောင်သူထံမှ သိရသည်။
သန့်ဇော် (ပြန်/ဆက်)