လောင်းလုံးမြို့နယ်တွင် တိရစ္ဆာန်များ အစားအစာဖူလုံမှုရရှိ​စေရေးအတွက် နေဗီယာမြက် ၀.၁၃ ဧက စိုက်ပျိုးထားရှိ

လောင်းလုံး ဇွန် ၂၈

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊လောင်းလုံးမြို့နယ်တွင် ယနေ့နံနက် ၁၀ နာရီအချိန်က မွေးမြူရေးနှင့်ကုသရေးဦးစီး ဌာနမှ ၂၀၂၂ ခုနှစ်၊ မိုးရာသီတွင် တိရစ္ဆာန်များ အစားအစာဖူလုံမှုရရှိ​စေရေးအတွက် နေဗီယာမြက်ပင် ၀.၁၃ ဧကအား စိုက်ပျိုးထားသောစိုက်ခင်းသို့ ကွင်းဆင်းကြည့်ရှုခဲ့ကြောင်းသိရသည်။

အဆိုပါ နေဗီယာမြက်ပင်များစိုက်ပျိုးရာ၌ လောင်းလုံးမြို့နယ်၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာသိန်းဇော်က ပြောကြားရာ၌  ၎င်းစိုက်ပျိုးထားသောနေဗီယာမြက် ၀.၁၃ ဧကစိုက်ခင်းအတွင်းမှ  တိရစ္ဆာန်များ  အစားအစာကို မိုးရာသီအတွင်း ဖူလုံစွာစားသုံးနိုင်ဖို့အတွက် စိုက်ပျိုးထားရှိခြင်းဖြစ်ပြီး ထို့နည်းတူစွာပင် တိရစ္ဆာန်မွေးမြူထားရှိသည် ရပ်ကွက်/ ကျေးရွာများရှိ တောင်သူများကိုလည်း စိုက်ပျိုးနိုင်ရန်အတွက် ပျိုးပင်များကို အခမဲ့ဖြန့်ဖြူးပေးလျက်ရှိကြောင်း သိရသည်။

 

သိန်းသိန်း(လောင်းလုံး)