ရွှေတောင်မြို့နယ်၌ ဆီထွက်သီးနှံမိုးနှမ်းစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း

ရွှေတောင် ဇွန် ၂၈

ပဲခူးတိုင်းဒေသကြီး၊ ရွှေတောင်မြို့နယ်တွင် ၂၀၂၂-၂၀၂၃ ခုနှစ်၊ တောင်သူများ၏လယ်ယာမြေများအတွင်း စိုက်ပျိုးထားရှိသော ဆီထွက်သီးနှံမိုးနှမ်းများ‌ အောင်မြင်ဖြစ်ထွန်း‌ ကြောင်း ဒေသခံတောင်သူများထံမှသိရသည်။‌ တောင်သူများအ‌နေဖြင့် ဆီထွက်သီးနှံ မိုးနှမ်းအပြင် မြေပဲနှင့်နေကြာကိုလည်း သီးသန့်စိုက်ခင်းများဖြင့်လည်း စိုက်ပျိုးထား ရှိကြောင်း သိရသည်။

ရွှေတောင်မြို့နယ်တွင် ယခုနှစ်မိုးရာသီတွင် ဆီထွက်သီးနှံမိုးနှမ်းကို တောင်သူများ၏ လယ်ယာမြေများတွင် လျာထား(၂၇၆၁) စိုက်ပျိုးဧက(၂၉၂၇)ဧကကျော် စိုက်ပျိုးထားပြီးဖြစ်‌ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။ ဆီထွက်သီးနှံစိုက်ပျိုးသည့် တောင်သူများအတွက် စိုက်ပျိုးရေးဦးစီးဌာနမှ အထွက်နှုန်းကောင်းစေရန်နှင့် စိုက်ပျိုးနည်းစနစ်မှန်ကန်စေရန် စိုက်ပျိုးရေးဦးစီးဌာန ဝန်ထမ်းများက စိုက်ခင်းများအရောက် ကွင်းဆင်း၍ လိုအပ်သည်များကို နည်းပညာပေးပြောကြားခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ယခုနှစ်တွင် ဒေသတွင်းစားသုံးဆီဖူလုံရေးအတွက် နေကြာအပါအဝင် နှမ်း၊ မြေပဲစသည့် ဆီထွက်သီးနှံများကို တိုးချဲ့စိုက်ပျိုးနိုင်ရန်အတွက် တိုင်းဒေသကြီးဝန်ကြီးချုပ်၏ လမ်းညွှန်မှုဖြင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှ ဦးဆောင်၍ စိုက်ပျိုးရေးဦးစီးဌာနနှင့် အခြားဌာနဆိုင်ရာများစုပေါင်း၍ ကျေးရွာတောင်သူများထံအရောက် နည်းပညာပေး သင်တန်းဆွေးနွေးပွဲများကို ကွင်းဆင်းဆောင်ရွက် ပေးလျက်ရှိကြောင်းသိရသည်။

ကိုကိုမင်း (ပြန်/ဆက်)