ငပုတော ဇွန် ၂၈
ဧရာဝတီတိုင်းဒေသကြီး ၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှု့ အဖွဲ့နှင့် လမ်းမကြီးများဘေး တရားမဝင်ကျူးကျော်ဝင်ရောက် နေထိုင်သူများ တွေ့ဆုံပွဲကို ယမန်နေ့က မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူ၊ အဖွဲ့ဝင် (၁)ဗိုလ်မှုး ဖြိုးသူရကျော်၊ အဖွဲ့ဝင် (၂) ဦးသန်းဦးတို့တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲ့ရေး အဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူမှ ပုသိမ်-ငပုတော ကားလမ်းဝဲယာတစ်လျှောက် လမ်းဦးစီးဌာန လမ်းနယ်နိမိတ်အတွင်း တရားမဝင် ကျူးကျော် ဝင်ရောက်နေထိုင်သူများအား ဥပဒေနှင့်အညီ ဖယ်ရှားရှင်းလင်းနိုင်ရေးအတွက်ပြောခဲ့ကြားခဲ့ပြီး လုပ်ထုံးလုပ်နည်းများနှင့် အညီဆောင်ရွက်ကြရန်နှင့် လမ်းမကြီးများဘေး တရားမဝင် ကျူးကျော်ဝင်ရောက်နေထိုင်သူများကို သတ်မှတ်ရက် မတိုင်ခင်အချိန်မီ ဖယ်ရှားရှင်းလင်း နိုင်ရေး ပြောကြားခဲ့ပြီး လိုအပ်သည်များကို သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အောင်သူ(ငပုတောပြန်/ဆက်)