သံတောင်ကြီး ဇွန် ၂၈
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ်တွင် စာဖတ်ခြင်းအကျိုးကျေးဇူးသိရှိစေရန် ၊လူငယ်လူရွယ်များ အကောင်းအဆိုးအမှားအမှန်ကို ဝေဖန်ပိုင်းခြားနိုင်ရန် ရည်ရွယ်၍ Book Club/Youth Club အဖွဲ့ဝင်များက ၂၀၂၂ခုနှစ်၊ ဧပြီလထုတ်သုတအလင်းမဂ္ဂဇင်းစာအုပ်အား ယနေ့နံနက် (၁၀) နာရီအချိန်က Community Centre ခန်းမ၌ စာဖတ်ဝိုင်းဆွေးနွေးပွဲ ဆောင် ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ သံတောင်ကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ နော် လော်မူက စာဖတ်ဝိုင်းပြုလုပ်ရခြင်း ရည်ရွယ်ချက်များရှင်းလင်းပြောကြားပြီး နော်ခိုင်ခင်ထက်(Book Club) မှစာအုပ်ပါ အကြောင်းအရာဖြစ်သည့် လောကနီ တိ၊ တားမြစ်ထားသော ဆေးပညာ လေ့လာမှုများ၊ ကမ္ဘာ့အန္တရာယ်အရှိဆုံးငှက်များစသည့် အကြောင်းအရာများအား ဖတ်ကြားဆွေးနွေးခဲ့သည်။
ဆက်လက်ပြီး စောနာမူးတူ(Youth Club) အဖွဲ့ဝင်က အင်တာဗျူးအာရုံသိမှုဆိုသည်မှာ လူကိုအန္တရာယ်ပေးနိုင်သည့် ချစ်စရာသတ္တဝါများစသည့် အကြောင်းအရာများ ဖတ်ကြားဆွေးနွေးပြီးတက် ရောက်လာသည့် Book Club/Youth Club အဖွဲ့ဝင်များက ၂၀၂၂ခုနှစ်၊ ဧပြီလထုတ် သုတအလင်း မဂ္ဂဇင်း စာအုပ်ပါအကြောင်းအရာများအား အပြန်အလှန်ဖတ်ကြားဆွေးနွေးခဲ့ကြောင်း သိရသည်။
စောမင်းသား(ပြန်/ဆက်)