ကျောက်ကြီးမြို့နယ်အတွင်းရှိ တိုက်ပွဲရှောင် ဒေသခံပြည်သူများအား ကြက်ခြေနီတပ်ဖွဲ့ဝင်များက ထောက်ပံ့ပစ္စည်းပေးအပ်

ကျောက်ကြီး ဇွန် ၂၈

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ကျောက်ကြီးမြို့နယ် ကြက်ခြေနီတပ်ဖွဲ့ဝင်များမှ မြို့နယ်အတွင်းရှိ ကျေးရွာများမှ တိုက်ပွဲရှောင် ဒေသခံပြည်သူများအား ယမန်နေ့ ညနေ ၅ နာရီတွင် ထောက်ပံ့ပစ္စည်းများ ပေးအပ်ခဲ့သည်။

အဆိုပါ ထောက်ပံ့ပစ္စည်းပေးအပ်မှုအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှ စီမံဆောင်ရွက်ပေးပြီး၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူး ဦးဆောင်မှုဖြင့် ကြက်ခြေနီတပ်ဖွဲ့ဝင်များက ၊ မြို့နယ်ကြက်ခြေနီအသင်းခွဲရုံးနှင့် တိုက်ပွဲရှောင်ပြည်သူ အိမ်ထောင်စု (၂၇) စု၊ လူဦးရေ (၇၉) ဦး တို့ ရွှေ့ပြောင်းနေထိုင်ရာ ဆွေမျိုးသားချင်းနေအိမ်များတွင်  လိုက်လံထောက်ပံ့ပေးခဲ့ကြသည်။

ထောက်ပံ့ပေးအပ်သည့် ပစ္စည်းများမှာ  Hygiene Parcel (၂၀) ဖာ၊ ခြင်ထောင် (၂၀) ခု၊ စောင် (၂၀) ခု၊ မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီဌာန ဦးစီးမှူးနှင့် ဌာနဝန်ထမ်းများက ဘောင်းဘီ (၅၂) ထည်၊ CDD အင်္ကျီ (၅၄) ထည်၊ အပေါ်ဖုံး အင်္ကျီ (၅၀)ထည်၊ ကလေးဝတ်အင်္ကျီ (၅၆) ထည်၊ မြို့နယ် ဌာနဆိုင်ရာရုံးများနှင့် ဒေသခံပြည်သူများမှ အမျိုးသားဝတ် အင်္ကျီ၊ အမျိုးသမီးဝတ် အင်္ကျီ၊ ပုဆိုးနှင့် လုံချည်များ ထောက်ပံ့လှူဒါန်းခဲ့ကြောင်း သိရသည်။

မြို့နယ်ပြန်/ဆက်