ရေတာရှည် ဇွန် ၂၇
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၌ ဒေသတွင်းစားသုံးဆီဖူလုံရေးနှင့် ဆီထွက်သီးနှံတိုးမြှင့်ထုတ်လုပ်နိုင်ရေးအတွက် ယနေ့တွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစန်းလှိုင်နှင့် ခရိုင်/မြို့နယ်အဆင့် စိုက်ပျိုးရေးဦးစီးဌာန တာဝန်ရှိသူများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများသည် ဆီထွက်သီးနှံများဖြစ်သည့် မိုးနေကြာနှင့် မိုးနှမ်းစိုက်ပျိုးထားရှိမှု အခြေအနေများကို ကွင်းဆင်းကြည့်ရှုအားပေး၍ လိုအပ်သည်များ ဖြည့်ဆည်းညှိနှိုင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရေတာရှည်မြို့နယ်၌ ၂၀၂၂ ခုနှစ်၊ မိုးရာသီအတွင်း ဆီထွက်သီးနှံများဖြစ်သည့် မိုးနှမ်း ၅၉၃၁ ဧက၊ မိုးနေကြာ ၇၀ ဧကစိုက်ပျိုးရန် လျာထားဆောင်ရွက်ခဲ့ပြီး ယခုလက်ရှိ အခြေအနေတွင် လျာထားချက်ထက်ကျော်လွန်၍ မိုးနှမ်း ၆၃၂၀ ဧက၊ မိုးနေကြာ ၉၀ ဧက စိုက်ပျိုးပြီးစီးကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ရေတာရှည် (ပြန်/ဆက်)