လပွတ္တာခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

လပွတ္တာ ဇွန် ၂၇

ဧရာဝတီတိုင်းဒေသကြီး လပွတ္တာခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၁၀နာရီ အချိန်က ခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်း   အဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးပွဲတွင် ခရိုင်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးဇော်မျိုးညွန့်က အမှာစကား ပြောကြားရာတွင်   တရားမဝင်ကုန်သွယ်မှုဆိုင်ရာ Online မှ ဆေးဝါး အစားအသောက်များ စစ်ဆေးဆောင်ရွက်ရန်၊ လယ်ယာမြေဥပဒေကိစ္စများ တောင်သူများ၊ နေကြာစိုက်ပျိုးရေးတောင်သူများနှင့် တွေ့ဆုံဆွေးနွေးရေး၊ သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်မှု စစ်ဆေးဆောင်ရွက်ရေးနှင့် (၂၃)ကြိမ်မြောက် မြန်မာ့တိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှု အဆိုအကအရေးအတီး ပြိုင်ပွဲအတွက် ဆောင်ရွက်ထားမှု အခြေအနေများကို ရှင်းလင်းပြောကြား သည်။

ဆက်လက်၍ ခရိုင်/မြို့နယ် အဆင့်ဌာနဆိုင်ရာများမှ လုပ်ငန်းအသီးသီးရှင်းလင်း တင်ပြမှုများအပေါ် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌက တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း၍ လိုအပ်သည့် ကိစ္စရပ်များကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

လပွတ္တာခရိုင်ပြန်/ဆက်