ဒေးဒရဲ ဇွန် ၂၇
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်အတွင်းရှိ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် ပညာသင်ယူလျက်ရှိသည့် အခြေခံပညာ ကျောင်းသား၊ ကျောင်းသူများ ပညာသင်ယူခွင့် အခွင့်အလမ်းများ ရရှိစေရန်၊ အတူနေ မိသားစုနှင့် ပတ်ဝန်းကျင်သို့ ရောဂါ ကူးစက်ပြန့်ပွားမှုကို တားဆီးနိုင်ရန်၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး လွှမ်းခြုံမှုရရှိစေရန် ရည်ရွယ်၍ အသက် (၅)နှစ်မှ (၁၂)နှစ်အတွင်းရှိ အခြေခံပညာ ကျောင်းသား၊ ကျောင်းသူများကို ၂၀၂၂ ခုနှစ်၊ ဇွန်လ (၂)ရက်နေ့က စတင်၍ မြို့ပေါ်နှင့် ကျေးရွာကျောင်းများတွင် ကျန်းမာရေးဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ကြိုတင် ကာကွယ်ရေး လမ်းညွှန်ချက်များနှင့် အညီ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ဒေးဒရဲမြို့နယ်အတွင်းရှိ မြို့ပေါ်နှင့် ကျေးရွာအုပ်စု (၉၃)အုပ်စုရှိ အခြေခံပညာကျောင်း (၂၁၉)ကျောင်းနှင့် ဘုန်းတော်ကြီး သင်ပညာရေး ကျောင်း(၂)ကျောင်း၊ စုစုပေါင်း(၂၂၁)ကျောင်းရှိ အသက်(၅)နှစ်မှ (၁၂)နှစ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူ (၂၂၀၂၀)ဦးအား သက်ဆိုင်ရာကျောင်းများတွင် ထိုးနှံပေးလျက်ရှိရာ ယနေ့အထိ ကျောင်းသား၊ ကျောင်းသူ (၁၉၀၈၅)ဦး ကာကွယ်ဆေး ထိုးနှံပြီးစီးပြီ ဖြစ်ကြောင်း ကျန်းမာရေးဦးစီးဌာနက သိရသည်။
အေဇာလင်း