လိပ်သို ဇွန် ၂၇
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လိပ်သိုမြို့တွင်နေထိုင်ကြသောဒေသခံများမှာ နာနတ်သီးကို တစ်ပိုင်တစ်နိုင် စိုက်ပျိုးလျက်ရှိကြသော်လည်း စိုက်ခင်းကြီးများ ဖန်တီးထွန်ယက်၍ စနစ်တကျ စီးပွားဖြစ်စိုက်ပျိုးထုတ်လုပ်သူမရှိသေးဘဲ မိမိတို့၏ နေအိမ်ခြံဝင်းမြေလွတ်များတွင် စားသုံးရန်နှင့်ဥယာဉ်ခြံများတွင် အပိုဝင်ငွေရရှိရန်အတွက် သကြားသီးနှံအဖြစ် စိုက်ပျိုးလျက်ရှိကြကြောင်း သိရသည်။
နာနတ်သီးများကို မိုးဦးကာလတွင်တစ်ကြိမ် ဆောင်းကာလတွင် တစ်ကြိမ်ဆွတ်ခူးကြပြီး အသီးလှတစ်လုံးကို ၅၀၀ ကျပ်မှ ၇၀၀ ကျပ်အထိ လက်လီရောင်းချကြကာ ပိုလျှံသောနာနတ်သီးများကို ပြုပြင်သန့်စင်ပြီး နာနတ်ဝိုင်ပြုလုပ်သောက်သုံးရောင်းချကြသည်။
ယခုအခါဒေသခံများထုတ်လုပ်သောနာနတ်ဝိုင်များကို သောက်သုံးရန်နှင့်လက်ဆောင်ပေးရန် အခြားသောမြို့များမှမှာယူမှုများတိုးပွားလာ၍ ယခင်ကထက်ပိုမိုထုတ်လုပ်လာကြပြီး တစ်လီတာဝင်ရေသန်းဗူးတစ်ဗူးကို ၂၀၀၀ ကျပ်မှ ၂၅၀၀ ကျပ်အထိ တံဆိပ်ကပ်ရောင်းချလျက်ရှိရာ မိသားစုအပိုဝင်ငွေများ ရရှိလျက်ရှိကြကြောင်း သိရသည်။
(လိပ်သို/ပြန်ဆက်)