ကျုံပျော် ဇွန် ၂၇
ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေး Talk Show ကို ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျုံပျော်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ ယမန်နေ့ နံနက် ၁၁ နာရီအချိန်က ပြုလုပ်ခဲ့သည်။
အသိပညာပေးဆွေးနွေးပွဲ Talk Show တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်မိုးမင်းသန်းနှင့် ဒေါ်ဥမ္မာမြင့်တို့က အသိပညာပေး Talk Show ပြုလုပ်ရခြင်း ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီး၊ မူးယစ်ဆေးဝါးသုံးစွဲခြင်း၏ စိတ်ပိုင်းဆိုင်၊ ရုပ်ပိုင်းဆိုင်ရာ ဆိုးကျိုးများ၊ လူမှုရေးဆိုင်ရာ ထိခိုက်မှုများ၊ မူးယစ်ဆေးဝါးဖြတ်ရန် သွားရောက်ကုသနိုင်သည့် နေရာများ၊ မူးယစ်ဆေးဝါးသုံးစွဲသူ/ ရောင်းချသူများကို အရေးယူနိုင်သည့် ပြစ်မှု၊ ပြစ်ဒဏ်များ၊ မျိုးဆက်သစ်လူငယ်များ မူးယစ်ဆေးဝါးကို ရှောင်ရှားကြရန်၊ မူးယစ်ဆေးဝါးအန္တရာယ် ကာကွယ်ရေး လူတိုင်းပါဝင်ပေး စသည်တို့အား အသိပညာပေး ဆွေးနွေးပြောကြားခဲ့သည်။
အဆိုပါ Talk Show ကို ကျုံပျော်မြို့နယ် ပြည်သူ့စာကြည့်တိုက် Facebook Page မှ အသိပညာပေး ထုတ်လွှင့်သွားမည်ဖြစ်ကြောင်း သတင်းရသည်။
လပြည့်ဦး(ပြန်/ဆက်)