ညောင်တုန်းမြို့နယ်တွင် ဘောင်စနစ်ဖြင့် ဆင်းသုခ မျိုးစေ့ထုတ်၊ မျိုးစေ့ချစိုက်ပျိုးခြင်း အခမ်းအနားကျင်းပ

ညောင်တုန်း ဇွန် ၂၆

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ဘောင်စနစ်ဖြင့် ဆင်းသုခ မျိုးစေ့ထုတ်၊ မျိုးစေ့ချစိုက်ပျိုးခြင်း အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၁နာရီအချိန်က ကွင်းအမှတ်(၃၈၂)၊ ဦးပိုင်အမှတ်(၁၆၁/၂)ရှိ  တောင်သူ ဦးအောင်မင်းစိန်၏ လယ်မြေ(၉)ဧကတွင် ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားသို့ မြို့နယ်သီးနှံစိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေး​ကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ ဦးကျော်စိုးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ဦးစီးမှူးနှင့်ဝန်ထမ်းများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ဒေသခံတောင်သူများ တက်ရောက်ခဲ့ပြီး စိုက်ပျိုးရေးဦးစီးဌာနမှ ဘောင်စနစ်ဖြင့် ဆင်းသုခ မျိုးစေ့ထုတ်၊ မျိုးစေ့ချ စိုက်ပျိုးခြင်း ဆောင်ရွက်နေမှုများကို ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်ဆက်)