ကျွန်းစုမြို့တွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်‌ရေးနေ့အထိမ်းအမှတ် အသိပညာပေး (Talk Show) ဆောင်ရွက်

ကျွန်းစု ဇွန် ၂၇

တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အသိပညာပေး Talk Show ကို ယမန်နေ့မွန်းလွဲ(၁)နာရီအချိန်က မြို့နယ်ပြန်/ဆက်ရုံး၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ Talk Show အစီအစဉ်တွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိဒေါ်အေးသန္တာဖြိုးက မူးယစ်ဆေးဝါးပြဿနာနှင့် ဖွံ့ဖြိုးတိုးတက်ရေး၊ အမျိုးသားမူးယစ်ဆေးဝါးထိန်းချုပ်ရေးမူဝါဒ၊ ဘက်ပေါင်းစုံမှ တားဆီးနှိမ်နင်းကာကွယ်ရေးနှင့် ဝိုင်းဝန်းကာကွယ်မူးယစ်ဆေးဝါးအန္တရာယ်၊ မူးယစ်ဆေးဝါးသုံးစွဲခြင်း၏ စိတ်ပိုင်းဆိုင်ရာဆိုးကျိုးများ၊ မူးယစ်ဆေးဝါးသုံးစွဲခြင်း၏ ရုပ်ပိုင်းဆိုင်ရာ ဆိုးကျိုးများအကြောင်းကို ဆွေးနွေးပြောကြားခဲ့သည်။

ကျွန်းစု(ပြန်/ဆက်)