အင်္ဂပူ ဇွန် ၂၆
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ အင်္ဂပူမြို့နယ်၊ ခုံကြီးကျေးရွာအုပ်စု၊ တလိုင်းခုံကျေးရွာ ၊ကွင်းအမှတ်(၈၀၉)ရှိ တောင်သူဦးလှဝင်း၏ ယာမြေ(၁.၆၇)ဧကတွင် ယမန်နေ့ညနေပိုင်းက ၂၀ ၂၂-၂၀၂၃ ခုနှစ် မိုးရာသီနေကြာ(မျိုးစေ့ထုတ်) ထွန်တုံးပိတ် စိုက်ပျိုးပွဲပြုလုပ်ခဲ့သည်။
အဆိုပါ ထွန်တုံးပိတ်စိုက်ပျိုးပွဲသို့ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် ဝန်ကြီးများ၊ တိုင်း၊ ခရိုင်အဆင့်ဌာနဆိုင်ရာများကကြည့်ရှုခဲ့ပြီး တောင်သူများအားပေးစကား ပြောကြားခဲ့သည်။ အဆိုပါ အခမ်းအနားသို့ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် ဝန်ကြီးများ၊တိုင်း၊ ခရိုင်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေး ကြီးကြပ်မှုလုပ်ငန်းအကောင်အထည်ဖော်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များတက်ရောက်ခဲ့ကြောင်းနှင့် အင်္ဂပူ မြို့နယ်တွင် ယခုနှစ်မိုးရာသီ၌ ကျေးရွာအုပ်စု(၁၄)စုရှိတောင်သူ (၄၁၀)ဦးမှ မိုးနေကြာ(မျိုးစေ့ထုတ်) ဧက(၇၀၀)စိုက်ပျိုးပြီးစီးကြောင်း သိရသည်။
မန်းကျော်-အင်္ဂပူ(ပြန်/ဆက်)