သာပေါင်းမြို့နယ် ဒေသခံတောင်သူများ ကျွဲ၊ နွား တိရိစ္ဆာန်အစာ ဖူလုံစေရန်နှင့် မွေးမြူရေးကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေးအတွက် မိုးရာသီ တိရစ္ဆာန်အစာပင် (နေဗီယာမြက်)လက်တွေ့စိုက်ပျိုးနည်းသရုပ်ပြ

သာပေါင်း ဇွန် ၂၅


ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် ဒေသခံတောင်သူများ၂၀၂၂ ခုနှစ်၊ မိုးရာသီ တိရိစ္ဆာန်အစာပင်စိုက်ပျိုးခြင်း အစီအစဉ်အရ တောင်သူအသိပညာပေး (နေဗီယာမြက်)လက်တွေ့စိုက်ပျိုးနည်း သရုပ်ပြသခြင်းကို ကျွဲ၊ နွား တိရိစ္ဆာန်အစာ ဖူလုံစေရန်နှင့် မွေးမြူရေးကဏ္ဍဖွံ့ဖြိုးမွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ယမန်နေ့  ဇွန်လ ရက်နေ့ နံနက် ၉ နာရီအချိန်က ဇီးဖြူကွင်းကျေးရွာအုပ်စု၊ ကံကုန်းကျေးရွာတွင် လက်တွေ့သရုပ်ပြသစိုက်ပျိုးကြသည်။
မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ ဦးစီမှူးဒေါက်တာကျော်လင်းမှ ဒေသခံတောင်သူများ မွေးမြူရေးကဏ္ဍဖွံ့ဖြိုးတိုးတက်စေရန်နှင့် ကျွဲ၊ နွားတိရိစ္ဆာန်များအတွက် အစာရှားပါးချိန်တွင် အာဟာရပြည့်ဝသော အစားအစာအဖြစ် ကျွေးမွေးနိုင်ရန်၊ အာဟာရ ပြည့်ဝစေပြီး အထွက်နှုန်း တိုးတက်မြင့်မားလာစေရန်၊ နေဗီယာမြက်စိုက်ပျိုးခြင်းဖြင့် ကျွဲ၊ နွားတိရိစ္ဆာန်များကို လွှတ်ကျောင်းစနစ်မှ ခြံလှောင်စနစ်ဖြင့် စနစ်တကျ ပြောင်းလဲမွေးမြူကာ ကြီးထွားဖွံ့ဖြိုးသော ကျွဲ၊ နွားတိရိစ္ဆာန်များ ပိုမိုမွေးမြူထုတ်လုပ်နိုင်စေရန်၊ နေဗီယာမြက်သည် နွားစာအဖြစ် ကျွေးမွေးပါက လိုအပ်သောအာဟာရဓာတ် ပမာဏများ ပြည့်ဝစွာရရှိသည့်အတွက်  ဒေသခံတောင်သူများ ကျယ်ကျယ်ပြန့်ပြန့် စိုက်ပျိုးနိုင်ရေးအတွက် ရည်ရွယ်စိုက်ပျိုးရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားပြီး၂၀၂၂ ခုနှစ်၊မိုးရာသီ တိရိစ္ဆာန် အစာပင် စိုက်ပျိုးခြင်းအစီအစဉ်အရ ဇီးဖြူကွင်းကျေးရွာအုပ်စု၊ ကံကုန်းကျေးရွာနေ မွေးမြူရေးလုပ်ကိုင်သူ ဦးပြောလေ၏ ဥယျာဉ်ခြံမြေတွင်မိုးရာသီ တိရိစ္ဆာန်အစာပင်(နေဗီယာမြက်)တစ်ဧက စုပေါင်းစိုက်ပျိုးခဲ့ကြကြောင်း သိရသည်။
မျိုးဇော်သိန်း