စစ်ကိုင်းမြို့နယ်၊ မာလဲတောကျေးရွာ မိုးပျံနင်္ဂါး နွားမွေးမြူရေးခြံအတွင်းရှိ နွားများ အစာပြတ်လပ်မှုမရှိရေး နေဗီယာမြက်ခင်း စိုက်ပျိုးခြင်းကွင်းသရုပ်ပြ

စစ်ကိုင်း ဇွန် ၂၅

စစ်ကိုင်းမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ကြီမှူး၍ စစ်ကိုင်းမြို့နယ်၊ မာလဲတောကျေးရွာ မိုးပျံနင်္ဂါး နွားမွေးမြူရေးခြံအတွင်းရှိ နွားများ အစာပြတ်လပ်မှုမရှိစေရေး နေဗီယာမြတ်ခင်း တိုးချဲ့စိုက်ပျိုးခြင်းကို တောင်သူဦးသက်ပိုင်ဖြိုး၏ စိုက်ကွင်းအတွင်း ယမန်နေ့ နံနက်(၁၁)နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

နေဗီယာမြက်တိုးချဲ့စိုက်ပျိုးခြင်းနှင့် ပတ်သက်၍ စစ်ကိုင်းမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါက်တာမြင့်သန်းက တိရိစ္ဆာန်များမွေးမြူရေး၏ အဓိက(၇၀)ရာခိုင်နှုန်းမှာ အစာရေစာများဖြစ်ကြောင်း၊ မွေးမြူသူတောင်သူများအနေဖြင့် အကျိုးအမြတ် ရရှိနိုင်ဖို့ဆိုရင် အစာများ ပြည့်ဝဖို့လိုပါတယ် အဟာရပြည့်ဝဖို့ စဉ်ဆက်မပြတ် လေ့လာစောင့်ကြည့်သွားကြပါလို့ ဆွေးနွေး ပြောကြားခဲ့သည်။

နွားမွေးမြူရေးခြံအတွင်း နွားများအစာပြတ်လပ်မှုမရှိရေးအတွက် သရုပ်ပြစိုက်ခင်းသို့ စစ်ကိုင်းမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါက်တာမြင့်သန်းနှင့် မိတ်ဖက်ဌာနများမှ တာဝန်ရှိသူများကအားပေးကြည့်ရှူ့ခဲ့ပြီး လိုအပ်သည့်စီမံဆောင်ရွက်မှုများ ပေးအပ်ခဲ့ကြသည်။

စစ်ကိုင်းမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနအနေဖြင့် မြို့နယ်အတွင်းရှိ တိရိစ္ဆာန်မွေးမြူရေးခြံများသို့ သွားရောက်ကြည့်ရှု၍ တိရိစ္ဆာန်များ အစာရေးစာ ပြတ်လပ်မှုမရှိစေရေး၊ ကျန်းမာရေးကောင်းမွန်စေရေးတို့အတွက် စဉ်ဆက်မပြတ်ကွင်းဆင်းကြည့်ရှု စစ်ဆေးကုသပေးလျက်ရှိကြောင်း သိရသည်။

ဇော်မြင့်နိုင်

စစ်ကိုင်းခရိုင် (ပြန်/ဆက်)