သရက် ဇွန် ၂၅
မကွေးတိုင်းဒေသကြီး သရက်မြို့၌ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ခရိုင်ဦးစီးမှူးဒေါက်တာ ခင်ဌေးမြင့်၊ မြို့နယ်ဦးစီးဌာနမှူး ဒေါက်တာညိုဝင်းနှင့် ဝန်ထမ်းများ၊ ကျေးလက်တိရိစ္ဆာန် လုပ်သားများသည် ၂၀၂၂ခုနှစ်၊ မိုးရာသီတိရိစာ္ဆန် အစာပင်စိုက်ပျိုးခြင်းရက်သတ္တပတ် အစီအစဉ်ဖြင့် ဆောင်ရွက်ထားရှိသော သဲဖြူကျေးရွာ တောင်သူ ဦးကြည်ဝင်းအောင် စိုက်ပျိုးထားသည့် ရွက်များနေဗီယာ (Super leaf Napier) (၁ဒဿမ ၅ဧက)ကို ယမန်နေ့ နံနက်(၁၁)နာရီက ကွင်းဆင်းကြည့်ရှုခဲ့သည်။
ကျွဲ၊ နွား မွေးမြူရေးလုပ်ငန်းများအတွက် အဟာရဓါတ်မြင့်မားပြီ အထွက်နှုန်းကောင်းမွန်သည့် အဆိုပါ ရွက်များနေဗီယာ (Super leaf Napier) မြက်ကို စနစ်တကျစိုက်ပျိုး၍ တိရိစ္ဆာန်များကို ကျွေးမွေးခြင်းသည် မိရိုးဖလာ သဘာဝမြက်များကို ကျွေးမွေးခြင်းထက် တိရိစ္ဆာန်များ အဟာရပြည့်ဝစွာရရှိပြီး ထုတ်လုပ်မှုကုန်ကျစရိတ် သက်သာစွာဖြင့် မွေးမြူထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်လာပြီး အရည်အသွေး ကောင်းမွန်သည့် ထုတ်ကုန်များရရှိလာစေရန် ရည်ရွယ်၍ စိုက်ပျိုးပေးခြင်းဖြစ်ကြောင်း မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန မြို့နယ်ဦးစီးဌာနမှူး ဒေါက်တာညိုဝင်းထံက သိရသည်။
ဇော်ထက်(သရက်)