မြောင်းမြ ဇွန် ၂၅
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ် ဘုရားငုတ္တိုရှမ်းစုကျေးရွာ အမှတ်(၁၄)အခြေခံပညာမူလတန်းကျောင်းတွင် ယနေ့နံနက် ၁၀ နာရီအချိန်က မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ အနာဂတ်ကလေးငယ်များ ဉာဏ်ရည်ဖွံ့ဖြိုးစေရေးအတွက် နွားနို့များ တိုက်ကျွေးခဲ့ကြောင်း သိရသည်။
အဆိုပါ နွားနို့တိုက်ကျွေးမှုကို နို့ပေါင်းစပ်အခြေပြု နို့စားနွားမွေးမြူရေးအစုအဖွဲ့နှင့် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနတို့မှ စုပေါင်း၍ အမှတ်(၁၄)အခြေခံပညာမူလတန်းကျောင်းရှိ ကျောင်းသား၊ ကျောင်းသူ (၁၁၅)ဦးအား “အနာဂတ်ကလေးငယ်များ ဉာဏ်ရည်ဖွံ့ဖြိုးစေဖို့ နွားနို့တိုက်ကျွေးကြပါစို့” ခေါင်းစဉ်ဖြင့် ကလေးငယ်များအား နွားနို့များ တိုက်ကျွေးခဲ့ခြင်းဖြစ်သည်။
အဆိုပါအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဗိုလ်မှူးဦးအုန်းသိန်းနှင့်အဖွဲ့ဝင်များ၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးဒေါက်တာစိုးသီဟကျော်နှင့် ဌာနဆိုင်ရာများ၊ တာဝန်ခံကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ၊ ဆရာမများကတက်ရောက်ပြီး စုပေါင်း၍ နွားနို့များ တိုက်ကျွေးခဲ့ကြောင်း သိရသည်။
မြောင်းမြ(ခရိုင်၊ပြန်/ဆက်)