အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်း စာစောင်များ ဖြန့်ဝေ

အမာ ဇွန် ၂၅

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊  အမာမြို့၌  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ထုတ်ဝေသော အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမူနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များဖြန့်ဝေခြင်းကို ယ‌မန်နေ့ ညနေ (၃) နာရီအချိန်က အမှတ်(၃)ရပ်ကွက်ရှိ  အခြေခံပညာအထက်တန်းတန်းကျောင်းမှ ကျောင်းသားကျောင်းသူများနှင့် လူစည်ကားရာလမ်းတစ်လျှောက် ပြည်သူများအား အခမဲ့ဖြန့်ဝေခဲ့ကြောင်း သိရသည်။

အဆိုပါ လက်ကမ်းစာစောင်တွင် မူးယစ်ဆေးသုံးစွဲခြင်း၏ စိတ်ပိုင်းဆိုင်ရာ ဆိုးကျိုးများ၊ ရုပ်ပိုင်းဆိုင်ရာ ဆိုးကျိုးများ၊ မူးယစ်ဆေးဝါးသုံးစွဲမှုများ ပပျောက်အောင် ပြည်သူလူထုများက ဝိုင်းဝန်ကူညီဆောင်ရွက်ပေးရန်၊ မူးယစ်ဆေးဝါးထိန်းချုပ်ရေးမူဝါဒများ၊ မဟာဗျူဟာ(၂)ရပ်၊ နည်းဗျူဟာ(၃)ရပ်၊ မူးယစ်ဆေးဝါးကို ဘက်‌ပေါင်းစုံမှ တားဆီးကာကွယ်ရေး၊ ဝိုင်းဝန်းကာကွယ် မူးယစ်ဆေးဝါးအန္တရာယ်” ကဗျာများ၊ အနာဂတ်ပန်းများပွင့်လန်းဖို့ မူးယစ်အန္တရာယ်ကာကွယ်စို့” ၊ မူးယစ်ကိုပစ် ပန်းတိုင်သစ် စိတ်သစ်လူသစ် ဘဝသစ်”စသည့် ဆောင်ပုဒ်များ ၊ ရုပ်ပြများ၊ မှတ်တမ်းဓါတ်ပုံများ စသည်တို့ ဖော်ပြပါရှိသည့် လက်ကမ်းစာစောင်များကို အခမဲ့ဖြန့်ဝေခဲ့ကြောင်း သိရသည်။

နော်လေး(ပြန်/ဆက်)