အိမ်မဲ ဇွန် ၂၅
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် လယ်ပေါ်ရပ်ကွက် အ.မ.ကလယ်ပေါ် ကျောင်းရှေ့တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဦးဆောင်၍ စနေနေ့တိုင်း အပါတ်စဉ် စုပေါင်းသန့်ရှင်းကို ယနေ့ နံနက် ၇ နာရီတွင် ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
အဆိုပါလုပ်ငန်းများကို အိမ်မဲမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ ၊ဆရာ/ဆရာမများ၊ ကြက်ခြေနီအသင်း ကျန်းမာရေးဦးစီးဌာန၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ရပ်ကွက်နေပြည်သူများ အင်အား(၁၁၂)ဦး ဖြင့် အထက်ပိုင်းရပ်ကွက် (၆)လမ်းနှင့်ချယ်ရီလမ်းဘေး ဝဲ၊ ယာမှအမှိုက်နှင့် ခြုံနွယ်များရှင်းလင်းခြင်း၊ ရေစီးရေလာကောင်းအောင်ဆောင်ရွက်ခြင်းတို့ကို စုပေါင်းဆောင်ရွက်ခဲ့ကြ ကြောင်းသိရသည်။
ဆက်လက်ပြီး လယ်ပေါ်ရပ်ကွက်အတွင်း သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးအတွက် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှဦးဆောင်၍ ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများ အဘိတ်ခတ်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။
အိမ်မဲမြို့နယ်အတွင်း ဌာနဆိုင်ရာရုံးအသီးသီးနှင့်ကျောင်းများတွင် ပတ်ဝန်းကျင်သန့်ရှင်းသာယာ လှပစေရေး plastic campaign အနေဖြင့် စုပေါင်းအမှိုက်ကောက်ခြင်းကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ချစ်သက်လယ်(အိမ်မဲ ပြန်/ဆက်)