ဗောဓိရိပ်သာ ဘုန်းတော်ကြီးကျောင်း စာသင်တိုက်သို့ ဆွမ်းဆန်တော်များ ဆက်ကပ်လှူဒါန်း

ကြို့ပင်ကောက် ဇွန် ၂၅

ကိုဗစ်-၁၉ ရောဂါကြိုတင် ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် ကာလအတွင်း ဆွမ်းကိစ္စရပ်များ အဆင်ပြေစေရန်ရည်ရွယ်ပြီး ကြို့ပင်ကောက်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဗောဓိရိပ်သာဘုန်းတော်ကြီးကျောင်း စာသင်တိုက်သို့ ဆွမ်းဆန်တော်များ ဆက်ကပ်လှူဒါန်းခြင်းကို  ယမန်နေ့   မွန်းလွဲပိုင်းက ဆောင်ရွက်ခဲ့သည်။

အဆိုပါ ဆွမ်းဆန်တော်များ လှူဒါန်းခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇင်မင်းဌေးနှင့် ဝန်ထမ်းများက ဗောဓိရိပ်သာ ဘုန်းတော်ကြီးကျောင်း ကျောင်းထိုင်ဆရာတော်ကြီး ဦးတိက္ခဉာဏထံ ဆွမ်းဆန်တော် (၈)အိပ်အား ဆက်ကပ်လှူဒါန်းခဲ့ကြသည်။

ဗောဓိရိပ်သာဘုန်းတော်ကြီးကျောင်း စာသင်တိုက်တွင် ရဟန်းတော် ၆၆ ပါး၊ သာမဏေ ၁၁ ပါးနှင့် သီလရှင်ဆရာလေး ၈၄ ပါးတို့ သီတင်းသုံး လျက်ရှိကြောင်း သိရသည်။

ဇေယျာထွန်း(ကြို့ပင်ကောက်)