အုတ်တွင်းမြို့နယ်၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များဖြန့်ဝေ

အုတ်တွင်း  ဇွန် ၂၅

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင်အုတ်တွင်းမြို့နယ် အ.လ.က(ခွဲ)ပဲခူးလမ်းကျောင်း၊ အ.ထ.က(အုတ်တွင်း)ကျောင်းနှင့် စျေးနေရာများ၌ ယမန်နေ့မွန်းလွဲပိုင်းအချိန်က ပြန် ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲ သုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကားလက် ကမ်း စာ စောင်များဖြန့်ဝေခဲ့သည်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက အ.လ.က(ခွဲ) ပဲခူးလမ်းကျောင်း၊ အ.ထ.က(အုတ်တွင်း)ကျောင်းနှင့်​ စျေးနေရာများ၌ ကျောင်းသား ကျောင်းသူများနှင့်ဒေသခံပြည်သူများအား အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့နှင့် မူးယစ်ဆေးဝါးအန္တရာယ်အ​ကြောင်းကို သိရှိနိုင်စေရန်၊ မူးယစ်ဆေးဝါးပြနာနှင့်ဖွံ့ဖြိုးတိုးတက်ရေး၊ မူးယစ်ဆေးဝါးသုံးစွဲရခြင်း၏ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ဆိုးကျိုးများအကြောင်း အပြင်ပညာပေးကာတွန်းနှင့် ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးများ မီးရှို့ဖျက်ဆီးခြင်း၊ ဘိန်းစိုက်ခင်းများအား ဖျက်ဆီးရှင်းလင်းနေသည့် ဓါတ်ပုံများပါဝင်သည့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန(ရုံးချုပ်)မှ ထုတ်ဝေသော သတင်းစကား လက်ကမ်းစာစောင်များအား ကျောင်းသား၊ ကျောင်းသူများနှင့် ဒေသခံပြည်သူများအား ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန်အတွက် ဖြန့်ဝေပေးခဲ့ကြောင်းသိ ရသည်။

ခင်ခင်မာ(ပြန်/ ဆက်)