စလင်း ဇွန် ၂၄
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့နယ်နှင့်ဆင်ဖြူးကျွန့်မြို့ပေါ်ရှိ စျေးဆိုင် များအား စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန ၊မကွေးတိုင်းဒေသကြီး ဦးစီးမှူးရုံး၏ ညွှန်ကြားမှုဖြင့် ယမန်နေ့က စျေးကွက်တွင် ထိုင်းနိုင်ငံထုတ် GANO . Coffee အမှတ်တံဆိပ်ပါကော်ဖီ၊ (3 in 1) သွားတိုက်ဆေးနှင့် ဖြည့်စွက်အစားအစာများကို ရောင်းချခြင်းရှိ/မရှိ စစ်ဆေးခဲ့ကြသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနမှ ဦးစီးမှူး ဦးဆန်းလင်းမောင်နှင့် ဝန်ထမ်းများ၊ မြို့နယ် စည်ပင်သာယာရေးအဖွဲ့နှင့် စျေးကော်မတီဝင်များက စလင်းမြို့မစျေးနှင့် ဆင်ဖြူကျွန်း မြို့ပေါ်ရှိ စျေးဆိုင်များအား စျေးကွက်အတွင်း ထိုင်းနိုင်ငံထုတ် GANO . Coffee အမှတ်တံဆိပ်ပါကော်ဖီနှင့် (3. In 1) သွားတိုက်ဆေးနှင့် ဖြည့်စွက်အစားအစာများ ဓာတ်စာများကို တစ်ဦးတည်းပိုင် ကိုယ်စားလှယ်အဖြစ် မှတ်ပုံတင်ပြီး တရားဝင် ရောင်းချလျက်ရှိသော MLM . Gano . Trading Company၊ မလေးရှားနိုင်ငံ Gano Excel industrtes SDN. BHD အနေဖြင့် သုံးစွဲသူများ အဆင်မပြေဖြစ်ပေါ်လာမည်ကို စိုးရိမ်ကြောင်းနှင့် ကုမ္ပဏီအတွက်လည်း ဆုံးရှုံးမှုများစွာဖြစ်ကြောင်း တင်ပြချက်နှင့် စပ်လျဉ်၍ အဆိုပါကုန်ပစ္စည်းအား စျေးကွက်အတွင်း တရားမဝင်တင်သွင်း ရောင်းချခြင်း ရှိ၊ မရှိ စိစစ်ပြီး တရားမဝင် ဖြန့်ဖြူးနေကြောင်း တွေ့ရှိပါက ဥပဒေနှင့်အညီ အရေးယူနိုင်ရေး ဆောင်ရွက်သွားရန် စားသုံးသူရေးရာဦးစီးဌာနမှ ဦးဆန်းလင်းမောင် က စျေးဆိုင်ပိုင်ရှင်များအား ညွှန်ကြားချက်များကို ထပ်ဆင့် ရှင်းလင်းပြောကြား၍ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရသည်။
မောင်လွင် (စလင်း)