အုတ်တွင်း ဇွန် ၂၃
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်း၍ကလေးငယ်များအား အသိပညာဗဟုသုတရရှိစေရေး၊ ဉာဏ်ရည်ဖွံ့ဖြိုးတိုးတက်စေရေးအတွက် အ.လ.က(ခွဲ)ကြက်သွန်ခင်း-၂နှင့် အ.မ.က(မူလွန်) ကျောက်တလင်းကျောင်းများသို့ Mobile Library ဖြင့် ယမန်နေ့ မွန်းလွဲပိုင်း ၁ နာရီခွဲအချိန်က ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဒေါ်ခင်ခင်မာမှ ကလေးငယ်များအား စာအုပ်စာပေဖတ်ရှုခြင်းဖြင့် ရရှိလာမည့် အကျိုးကျေးဇူးများနှင့် မူးယစ်ဆေးဝါးသုံးစွဲခြင်း၏စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ဆိုးကျိုးများအား ရှင်းလင်းပြောကြားခဲ့ပြီး၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်အေးအေးခိုင်က စားသုံးရန်မသင့်သောအစားအစာများနှင့် စာသုံးသူကာကွယ်ရေးဆိုင်ရာများအကြောင်း ရှင်းလင်းဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။
ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ကလေးများ ကိုယ်ကာယဉာဏ်စွမ်းရည်များ ဖွံ့ဖြိုးစေရေး၊ အချင်းချင်းပူးပေါင်းဆောင်ရွက်တတ်စေရေး၊ တစ်ဦးနှင့်တစ်ဦး ချစ်ခင်ရင်းနှီးမှုများရရှိစေရေး ရည်ရွယ်ကာ Ice Breaking ကိုယ်လက် လှုပ် ရှားမှုများပြုလုပ်ပြီး၊ ကလေးငယ်များအား ရုပ်ပုံစာအုပ်၊ စက္ကူပြဇာတ်၊ ဘုတ်ပြားပြဇာတ်များဖြင့် ပုံပြင်ပြောပြခြင်းများ ဆောင်ရွက်ကာ ကလေးငယ်များစာဖတ်သည့် အလေ့အထများရရှိစေရန် စာဖတ်ဝိုင်းများ ဆောင်ရွက်ပေးခဲ့ပြီး မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေးနံရံကပ်စာစောင်၊ နိုင်ငံတော်အစိုးရ အကြီးအကဲများ၏လှုပ်ရှားမှုမှတ်တမ်းဓာတ်ပုံများ၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး၊ ပညာရေးကဏ္ဍများနှင့် ကျန်းမာရေးဆိုင်ရာ အသိပညာပေး နံရံကပ်စာစောင်များ ပြသပေးခဲ့ကြောင်း သိရသည်။
ခင်ခင်မာ