မင်းလှမြို့၌ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်လက်ကမ်းစာစောင်များ ဖြန့်ဝေ

မင်းလှ  ဇွန်   ၂၃

၂၀၂၂ ခုနှစ်၊ ဇွန်လ (၂၆) ရက်နေ့တွင်ကျရောက်မည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်သတင်း စကားလက်ကမ်းစာစောင်များကို ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန က ကျောင်းသား/သူများနှင့် ပြည်သူများလက်ဝယ်ထံအရောက် ဖြန့်ဝေပေးခြင်းကို ယနေ့နံနက် ၁၀ နာရီအချိန်က  ဆောင်ရွက်ခဲ့သည်။  

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှုး ဒေါ်စန္ဒာအောင်နှင့် ဝန်ထမ်းများက ..က မင်းလှ(မြို့ပြင်) ကျောင်း၌ ဆရာဆရာမများနှင့် ကျောင်းသား/ သူများထံ ဖြန့်ဝေပေးခဲ့ပြီး၊ ပြည်သူလူထုလက်ဝယ်ထံအရောက် ဆက်လက်ဖြန့်ဝေပေးခဲ့သည်။

အဆိုပါ  သတင်းစကားလက်ကမ်းစာစောင်တွင် မူးယစ်ဆေးဝါးသုံးစွဲခြင်း၏ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာဆိုးကျိုးများ၊ မူးယစ်ဆေးဝါးပြဿနာနှင့် ဖွံ့ဖြိုးတိုးတတ်ရေး၊ အမျိုးသားမူးယစ်ဆေးဝါးထိန်းချုပ်ရေးမူဝါဒ၊ မဟာဗျုဟာ() ရပ်၊ နည်းဗျုဟာ() ရပ်၊ မင်းသန်းနိုင်(မုဒုံ) ရေးသားသည့် ဝိုင်းဝန်းကာကွယ် မူးယစ်ဆေးဝါးအန္တရာယ်ကဗျာနှင့် အသိပညာပေးကာတွန်းတို့ပါဝင်ကြောင်း သိရသည်။

ပေါက်စ(မင်းလှ)