ငရုတ်ကောင်း ဇွန် ၂၃
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငရုတ်ကောင်းမြို့(အထက)တွင် အသက်(၅)နှစ်မှ (၁၂)နှစ်အတွင်းရှိ အခြေခံပညာ ကျောင်းသား/ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်းကို ယနေ့ နံနက် ၁၀ နာရီအချိန်က စတင်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ငရုတ်ကောင်းမြို့(အထက)တွင် အသက်(၅)နှစ်မှ (၁၂)နှစ်အတွင်းရှိ ပထမအကြိမ် ကာကွယ်ဆေးထိုးနှံပြီးသူ ကျောင်းသား/ ကျောင်းသူ (၆၀)ဦးရှိပြီး ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိသော ကျောင်းသား/ ကျောင်းသူများအား ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံရာသို့ မြို့အုပ်ချုပ်ရေးမှူး ဦးကောင်းစံ၊ မြို့စည်ပင်သာယာရေးအဖွဲ့မှ အမှုဆောင်အရာရှိ ဦးရဲထွန်းဦး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးမှူး ဒေါ်ကျော်မာလာလွင်နှင့် မီးသတ်တပ်ဖွဲ့ဝင်များမှ ကျောင်းသား/ ကျောင်းသူများအား ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
ငရုတ်ကောင်း(ပြန်/ဆက်)