သရက်ချောင်းမြို့နယ်တွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမူနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များဖြန့်ဝေ

သရက်ချောင်း ဇွန် ၂၃

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှထုတ်ဝေသော အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမူနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်သတင်းစကား လက်ကမ်းစာစောင် များဖြန့်ဝေခြင်းကို ယမန်နေ့ညနေက သရက်ချောင်းမြို့၊ (အ.ထ.က)သရက်ချောင်း ကျောင်းဝင်းအတွင်း၌ ဖြန့်ဝေခဲ့ကြောင်း သိရသည်။

အဆိုပါ လက်ကမ်းစာစောင်တွင် မူးယစ်ဆေးသုံးစွဲခြင်း၏ စိတ်ပိုင်းဆိုင်ရာဆိုးကျိုးများ၊ ရုပ်ပိုင်းဆိုင်ရာဆိုးကျိုးများ၊ မူးယစ်ဆေးဝါးသုံးစွဲမှုများပပျောက်အောင် ပြည်သူလူထုများက ဝိုင်းဝန်ကူညီဆောင်ရွက်ပေးရန်၊ မူးယစ်ဆေးဝါးထိန်းချုပ်ရေးမူဝါဒများ၊ မဟာဗျူဟာ(၂)ရပ်၊ နည်းဗျူဟာ(၃)ရပ်၊ မူးယစ်ဆေးဝါးဘက်စုံတားဆီးကာကွယ်ရေး၊ ဝိုင်းဝန်းကာကွယ် “မူးယစ် ဆေးဝါးအန္တရာယ်” ကဗျာ၊ ကာတွန်းများပါဝင်ကြောင်း၊ အနာဂတ်ပန်းများပွင့်လန်းဖို့ မူးယစ်အန္တရာယ်ကာကွယ်စို့” ဟူသော ဆောင်ပုဒ်နှင့်အညီ မူးယစ်ဆေးဝါးများကင်းရှင်းစေရန်ရည်ရွယ်၍ သရက်ချောင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးဝန်ထမ်းများအနေဖြင့် ကျောင်းသား/ကျောင်းသူများအား လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရသည်။

သားကြီး(သရက်ချောင်း)