ကရသူရိ ဇွန် ၂၃
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကရသူရိမြို့တွင် ကျောင်းသား၊ ကျောင်းသူများ ကာယစွမ်းရည် မြင့်မားလာစေရန်နှင့် တစ်ဦးနှင့်တစ်ဦး ပူးပေါင်းဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်းများ ရရှိလာစေရန် ရည်ရွယ်၍ ကာယစွမ်းရည်ပြိုင်ပွဲကို ယမန်နေ့ (၃) နာရီခွဲအချိန်က ကရသူရိမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ပေးခဲ့ကြောင်း သိရှိရသည်။
အဆိုပါပြိုင်ပွဲကို ကရသူရိမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ (ဒုတိယဦးစီးမှူး) ဒေါ်အေးအေးသန်းက ကာယစွမ်းရည်ပြိုင်ပွဲ ကျင်းပပြုလုပ်ရခြင်း ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားပြီး ကလေးများအတွက် ကာယစွမ်းရည်ပြိုင်ပွဲများဖြစ်သည့် ပန်ကန်ပြား လက်ဆင့်ကမ်းကစားနည်းနှင့် ပူပေါင်းမှုတ် ကစားနည်းပြိုင်ပွဲများ ကျင်းပရာ ကျောင်းသား၊ ကျောင်းသူ (၁၁) ဦး ပါဝင်ယှဉ်ပြိုင်ကြပြီး ဆုရရှိသူများကို အမှတ်တရဂုဏ်ပြုဆု လက်ဆောင်များ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
ကရသူရိ(ပြန်/ဆက်)