လွိုင်ကော်မြို့၌ မိုးရာသီတိရစ္ဆာန်အစာပင် စိုက်ပျိုး

လွိုင်ကော် ဇွန် ၂၃

ကယားပြည်နယ်၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှကြီးမှူးပြီး မိုးရာသီတိရစ္ဆာန်အစာပင်စိုက်ပျိုးခြင်း ရက်သတ္တပတ်အစီအစဉ်အဖြစ် မွေးမြူရေးလုပ်ငန်းဖွံ့ဖြိုးမှုကို အထောက်အကူဖြစ်စေသည့် ရောဂါကင်းပြီး ကြီးထွားနှုန်းကောင်းမွန်စေရေးအတွက် အာဟာရပြည့်ဝသည့် တိရစ္ဆာန်အပင်များ စိုက်ပျိုးကျွေးမွေးသည့် အလေ့အကျင့်ကောင်းများရရှိစေရန်ရည်ရွယ်၍ ယမန်နေ့မွန်းလွဲပိုင်းက လွိုင်ကော်မြို့နယ်၊ ရေနီကန်ကျေးရွာရှိ မွေးမြူရေးလုပ်ငန်း ဆောင်ရွက်နေသည့် တောင်သူများ၏ (၀.၁)မြေဧကတွင် နေပီယာ(တေကူယန်)မြက်မျိုးနှင့် နေပီယာ (ပတ်ချောင်)မြက်မျိုးများအား စိုက်ပျိုးပေးခဲ့သည်။

ကယားပြည်နယ်၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးရုံးအနေဖြင့်လည်း  မွေးမြူရေးတောင်သူများသို့ နေပီယာ(တေကူယန်)မြက်မျိုးနှင့် နေပီယာ (ပတ်ချောင်)မြက်မျိုးများ စိုက်ပျိုးနိုင်ရန်အတွက် ထပ်မံဖြန့်ဖြူး ပေးသွားမည်ဖြစ်ကြောင်းသိရသည်။

ကိုဇင် (လွိုင်ကော်)