စစ်ကိုင်းခရိုင် ပြန်/ဆက်ဦးစီးဌာနတွင် မူးယစ်ဆေးဝါး သိကောင်းစရာ အသိပညာပေး Talk Show ကျင်းပ ဆောင်ရွက် 

စစ်ကိုင်း ဇွန် ၂၃

စစ်ကိုင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ခရိုင်မူးယစ်ဆေးဝါးဆန့်ကျင် ရေးအဖွဲ့တို့ ပူးပေါင်း၍  ပြည်သူများ အသိပညာဗဟုသုတများ ရရှိနိုင်စေရန် ရည်ရွယ်၍ မူးယစ်ဆေးဝါး သိကောင်းစရာ အသိပညာပေး Talk Show ကျင်းပဆောင်ရွက်ခြင်းကို ယမန်နေ့ မွန်းလွဲ(၂)နာရီ ကအဆိုပါရုံးရှိ လူထုအခြေပြုဗဟိုဌာန၌ ကျင်းပဆောင်ရွက်ခဲ့ကြောင်း သိရသည်။

Talk Show ကျင်းပဆောင်ရွက်ရာတွင် စစ်ကိုင်းခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်မေဇင်မိုးက Talk Show ကျင်းပဆောင်းရွက်ရခြင်းနှင့် ပတ်သက်၍ ရှင်း လင်းဆွေးနွေးပြီး ခရိုင်မူးယစ်ဆန်းကျင်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ဒုတိယရဲမှူးကြီး(ငြိမ်း)၊ ဦးကြည်ညွှန့်က မူးယစ်အစ ဆေးလိပ်ကဆိုသည့်အတိုင်း လူငယ်လူရွယ်များ ဆေးလိပ်ကို အစပြုသောက်သုံးခြင်း မပြုလုပ်ကြစေလိုကြောင်းနှင့် မူးယစ်ဆေးဝါးအန္တရာယ်နှင့် ဖြစ်ပေါ်လာသည့် အကျိုးဆက်များ၊ ကျန်းမာရေးထိခိုက်မှုများ၊ ပြစ်မှု၊ ပြစ်ဒဏ်များအကြောင်းကို ဦးဆောင် ဆွေးနွေးပေးခဲ့သည်။

စစ်ကိုင်းခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများအသိပညာ ဗဟုသုတများ ရရှိစေရန် စာအုပ်/ စာစောင်များငှားရမ်းခြင်း၊ ပြပွဲ/ ပြိုင်ပွဲများကျင်းပပေးခြင်း၊ Talk Show များ ဆောင်ရွက်ခြင်းတို့ကို စဉ်ဆက်မပြတ် ပြုလုပ်ဆောင်ရွက် ပေးနေကြောင်း သိရသည်။

ဇော်မြင့်နိုင်