သာယာဝတီမြို့တွင် အသက်(၈၅)နှစ်အထက် ဘိုးဘွားများအား လူမှုရေးပင်စင်ထောက်ပံ့

သာယာဝတီ      ဇွန်  ၂၂

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင် လူမှုဝန်ထမ်းဦးစီးဌာနမှ အသက်(၈၅)နှစ်နှင့်အထက် အဘိုး/ အဘွားများအား လူမှုရေးပင်စင်ထောက်ပံ့ကြေးငွေများကို ယနေ့နံနက်ပိုင်း က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ၊ မြို့နယ်လူမှုဖူလုံရေးအဖွဲ့မှ ဝန်ထမ်းများက မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများတွင် အိမ်တိုင်ရာရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ လူမှုရေးပင်စင်ထောက်ပံ့ရာတွင် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ပထမ လပတ် (ဧပြီ၊ မေ၊ ဇွန်) လများအတွက်  အဘိုး/ အဘွားတစ်ဦးလျှင် တစ်လလျှင် ၁၀၀၀၀/- ကျပ်နှုန်းဖြင့်  သုံးလတစ်ကြိမ် ထောက်ပံ့ပေးလျက်ရှိရာ အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွား (၉၀၂)ဦးအတွက် တစ်ဦးလျှင် ၃၀၀၀၀/- ကျပ်နှုန်းဖြင့် စုစုပေါင်း၂၇၆၀၀၀၀/- ကျပ်တိတိ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း လူမှုဝန်ထမ်းဦးစီးဌာနမှ သိရသည်။

သန့်ဇော် (ပြန်/ဆက်)