ချောင်းသာ ဇွန် ၂၂
ပုသိမ်ခရိုင်၊ ချောင်းသာမြို့၊ အမှတ်(၃)ရပ်ကွက်ရှိ တောင်ကတုံးဘုရားအနီး ကမ်းခြေတွင် ယမန်နေ့ နံနက် ၁၁ နာရီ အချိန်ခန့်က ဝေလငါးတစ်ကောင် သောင်တင်သေဆုံးနေကြောင်း တွေ့ရှိရသည်။
သောင်တင်သေဆုံးနေသည့် ဝေလငါးရှိရာသို့ မြို့အုပ်ချုပ်ရေးမှူး ဦးသီဟအောင်နှင့် ငါးလုပ်ငန်းဦးစီးဌာန ပြန်ကြားရေး နှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်ဦးစီးဌာနနှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ပြီး ကမ်းခြေတွင် တွေ့ရှိသည့် ဝေလငါးသည် အကောင်ပုံသဏ္ဍန်ပျက်စီးမှုနှင့် ပုပ်ပွနေခြင်းမျိုး မတွေ့ရှိရဘဲ အရှည်(၇)ပေ (၈)လက်မနှင့် လုံးပတ် (၃) ပေ(၉) လက်မရှိကြောင်း သိရသည်။
အဆိုပါ သောင်တင်သေဆုံးနေသည့် ဝေလငါးအား ငါးလုပ်ငန်းဦးစီးဌာနမှ လုပ်ထုံးလုပ်နည်းများနှင့် အညီ ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ကျော်ကျော်(ပြန်/ဆက်)