ကြာအင်းဆိပ်ကြီး ဇွန် ၂၂
ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကြာအင်းဆိပ်ကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အများပြည်သူများအား အထွေထွေဗဟုသုတများ ရရှိတိုးပွားလာစေရေး သိသင့်သိထိုက်သော အကြောင်းအရာများအား သိရှိလာနိုင်စေရေးအတွက် အသိပညာပေးခြင်းလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ညနေ ၃ နာရီအချိန်က မြို့နယ်လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ယစ်ဆေးဝါးအန္တရာယ်ဆိုင်ရာ အသိပညာပေး Talk Show ဆွေးနွေးပွဲပြုလုပ်ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ အသိပညာပေး Talk Show ဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးဒေါ်နှင်းကြည်က အများပြည်သူများအား အသိပညာပေး Talk Show ဆွေးနွေးပွဲများ ပြုလုပ်ပေးရခြင်း၏ ရည်ရွယ်ချက်များအား ဆွေးနွေးပြောကြားပြီး စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း Book Club အဖွဲ့ဝင် ဆရာမဒေါ်နန်းညွန့်ညွန့်ဆွေက မူးယစ်ဆေးဝါးများ စတင်ပေါ်ပေါက်ပြန့်နှံ့ရောက်ရှိလာမှု အကြောင်းအရာအခြေအနေများ မူးယစ်ဆေးဝါးသုံးစွဲမှုမှ ရရှိခံစားကြုံတွေ့နိုင်သည့် ကိုယ်ခန္ဓာနှင့်စိတ်ပိုင်းဆိုင်ရာဆိုးကျိုးများဖြစ်သည့် စိတ်ဓာတ်များကျဆင်းခြင်း စိတ်ဖောက်ပြန်ကာ ရှုးသွပ်စေခြင်းများ ခန္ဓာကိုယ်အစိတ်အပိုင်းများပျက်စီးဆုံးရှုံးပြီး ကျန်းမာရေးထိခိုက်ကာ အသက်အန္တရာယ်များကြောင်း စသည်များနှင့် မူးယစ်ဆေးဝါးများ တရားမဝင်ရောင်းဝယ်မှု လက်ဝယ်ထားရှိမှုများ၏ ပြစ်မှုပြစ်ဒဏ်များ ဥပဒေအကြောင်းအရာများနှင့် မူးယစ်ဆေးဝါးဥပဒေပြဋ္ဌာန်းချက်များအား ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။
အဆိုပါ Talk Show ဆွေးနွေးပွဲများအား မိဘပြည်သူများအနေဖြင့် ကြည့်ရှုလေ့လာ မှတ်သားနိုင်စေရေးအတွက် Online လိုင်းမှတဆင့် စဉ်ဆက်မပြတ် ထုတ်လွှင့်ပြသပေးလျက်ရှိရာ သိရှိလိုများအား Iprd kyarinn seik kyi facebook page စာမျက်နှာ၌ ဝင်ရောက်ကြည့်ရှုလေ့လာနိုင်ကြောင်း သိရသည်။
မျိုးမင်းဦး