သံတောင်ကြီး ဇွန် ၂၂
ကရင်ပြည်နယ် ၊ ဘားအံခရိုင် ၊ သံတောင်ကြီးမြို့နယ်တွင် ဒေသခံပြည်သူများ ၊ လူငယ်လူရွယ်များအနေဖြင့် လူကုန်ကူးမှုအန္တရာယ် သိရှိစေရန်အတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးတို့ပူးပေါင်းပြီး လူကုန်ကူးမှုအန္တရာယ်တားဆီးကာကွယ်ရေးအသိပညာပေး Talk Showကို ယနေ့နံနက်(၁၀)နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဦးစီးအရာရှိ နော်လော်မူက လူကုန်ကူးမှုအန္တရာယ်တားဆီးကာကွယ် ရေး အသိပညာပေး Talk Show ပြုလုပ်ရခြင်းရည် ရွယ်ချက်များပြောကြားပြီး သံတောင်ကြီးမြို့မရဲစခန်းဒုရဲမှူးသိန်းထွန်းလှအောင်က လူကုန်ကူး ခြင်းဆိုတာဘာလဲ၊ လူကုန်ကူးသူကဘာလုပ်သလဲ၊ လူကုန်ကူးသူကဘယ်လိုလုပ်ဆောင်လဲ၊ လူကုန်ကူးခြင်းအမျိုးအစား လူတွေဟာဘာကြောင့် လူကုန်ကူးခံရသလဲ၊လူကုန်ကူးသူတွေရဲ့ နည်းလမ်း၊ လူကုန်ကူးခြင်းခံရပါက ဆက်သွယ်ရမည့်ဖုန်းနံပါတ်များစသည့် အကြောင်းအရာများအား အကျယ်တဝင့်ဆွေးနွေးခဲ့ကြောင်း သိရသည်။
နော်နော်မူ