မင်းလှမြို့နယ်အတွင်းရှိ မသန်စွမ်းသူများကို ထောက်ပံ့ငွေများ ပေးအပ်

မင်းလှ စက်တင်ဘာ ၈

ပဲခူးတိုင်းဒေသကြီး၊  သာယာဝတီခရိုင်၊ မင်းလှမြို့နယ်အတွင်းရှိ ‌ရပ်ကွက်/ကျေးရွာအုပ်စုများမှ မသန် စွမ်းသူများအား ထောက်ပံငွေများ ပေးအပ်ခြင်းကို မြို့နယ်အထွေထွေအုပ်ရေးချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ယမန်နေ့ ညနေ ၄ နာရီ ၃၀ မိနစ်ချိန်က ပြုလုပ်ခဲ့ကြောင်း သိရသည်။

ထောက်ပံ့ပေးအပ်ပွဲတွင် လူမူဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ သာယာဝတီခရိုင် လူမှုဝန်ထမ်းဦးစီးဌာရုံးမှ ဦးစီးအရာရှိ ဒေါ်မြတ်မြတ်စိုးက ရပ်ကွက်/ကျေးရွာအုပ်စု (၅၁) အုပ်စုမှ မသန်စွမ်းသူ(၂၅၃)ဦးအတွက် တစ်ဦးလျှင် ငွေကျပ် (၃၀၀၀၀) နှုန်းဖြင့် စုစုပေါင်း (၇၅၉၀၀၀၀)ကျပ်အား သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ ထံထောက်ပံ့ပေး အပ်ခဲ့သည်။

ထောက်ပံ့ငွေများကို ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှုးများနှင့် စာရေးဝန်ထမ်းများမှ တစ်ကြိမ် တစ်ခါမှ ထောက်ပံ့ငွေမရရှိသေးသော မသန်စွမ်းသူများကို အိမ်တိုင် ရာရောက်‌ အမြန်ဆုံး ထောက်ပံ့ ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ပေါက်စ မင်းလှ