ရင်ဆိုင်-မရမ်းချောင်လမ်း ကွန်ကရစ်လမ်းခင်းခြင်းနှင့် တံတားတည်ဆောက်နေမှု တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှု

ကျောင်းကုန်း   စက်တင်ဘာ  

ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ကျေးလက်လမ်းဖွံ့ဖြိုးရေး ဦးစီးဌာနမှ ၂၀၁၉-၂၀၂၀ ဘဏ္ဏာရေးနှစ် ဧရာဝတီတိုင်းဒေသကြီး၏ ငွေလုံးငွေရင်း ရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသော ကျောင်းကုန်းမြို့နယ် ရင်ဆိုင်-မရမ်းချောင်လမ်း အရှည်()မိုင်၊ အကျယ်(၁၂)ပေ၊ ထု()လက်မ ကွန်ကရစ်ခင်းခြင်း လုပ်ငန်းကို Arakan Ray ကုမ္ပဏီမှ ခွင့်ပြုငွေကျပ် ၂၅၄ သန်းကျော်ဖြင့် တာဝန်ယူခင်းသည့် နေရာသို့ ယမန်နေ့  မွန်းလွဲပိုင်း အချိန်က လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်တည်ဆောက်ရေး ကော်မတီ ဥက္ကဌနှင့်အဖွဲ့ဝင်များ ကွင်းဆင်းကြည့်ရှုခဲ့ကြပြီး၊ အမြန်ဆုံးပြီးစီးရေး မှာကြားခဲ့သည်။

ဆက်လက်၍ ရင်ဆိုင်-မရမ်းချောင်တံတား အလျား ၁၅ ပေ၊အကျယ် ၂၀ ပေ အား ခွင့်ပြုငွေကျပ် ၂၉ သန်းကျော် ဖြင့်  Emerald Delta ကုမ္ပဏီမှ တာဝန်ယူ တည်ဆောက်နေရာသို့ ကြည့်ရှုခဲ့ကြပြီး လုပ်ငန်းခွင် အန္တရာယ်မဖြစ်စေရေး မှာကြားခဲ့ကြောင်း သိရသည်။

ဝင်းကြိုင်(ပြန်/ဆက်)