ငရုတ်ကောင်းမြို့တွင် ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် စည်းကမ်းထိန်းသိမ်းရေး ဂိတ် ပြန်လည် ဖွင့်လှစ်

ငရုတ်ကောင်း  စက်တင်ဘာ 

ပုသိမ်ခရိုင်၊ ငရုတ်ကောင်းမြို့တွင် ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် ယနေ့မှစတင်၍ နေ့/ မပြတ် ငရုတ်ကောင်းမြို့ အဝင်အထွက်လမ်းဆုံတွင် စည်းကမ်းထိန်းသိမ်းရေးဂိတ် ပြန်လည် ဖွင့်လှစ်ကာ စစ်ဆေးဆောင်ရွက် သွားမည်ဖြစ်ကြောင်း ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ ဦးကျော်ဇင်လင်းထံမှ သိရသည်။

အဆိုပါ စည်းကမ်းထိန်းသိမ်းရေးဂိတ်တွင် မြို့ပေါ်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ပရဟိတအဖွဲ့အစည်းများနှင့် လူမှုကူညီရေး အဖွဲ့အစည်းများ ပူးပေါင်း၍ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် ကန့်သတ်နယ်မြေများမှ ပြန်လည် ရောက်ရှိလာသူများကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ညွှန်ကြားချက်များ နှင့်အညီ ကြပ်မတ် ဆောင်ရွက်သွားရန်နှင့် သတ်မှတ်ထားခြင်း မရှိသော ဒေသများမှ ရောက်ရှိလာသူများအား ခရီးသွား ထောက်ခံချက်များနှင့် နှာခေါင်းစည်း(Mask) များ တပ်ဆင် သွားလာနိုင်ရေး စစ်ဆေးဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။

ပြုံးမောင်မောင်(ပြန်/ဆက်)