မြို့သစ် ဇွန် ၂၂
မကွေးခရိုင်၊ မြို့သစ်မြို့နယ် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အကြိုဟောပြောပွဲကို ယနေ့နံနက် (၁၀)နာရီ အချိန်က အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း ရတနာခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ဟောပြောပွဲကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥကဋ္ဌ ဦးကျော်ဝင်းထက်က မူးယစ်ဆေးနှင့် ပတ်သက်သည့် အကြောင်းအရာများကို ရှင်းလင်းဆွေးနွေးခဲ့ပြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိဒေါ်ဝင်းအိဇွန်က ဟောပြောပွဲပြုလုပ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှုးရဲမှူးအောင်ကိုနိုင်၊ မြို့နယ်ကျန်းမာရေးမှုး ဒုဥပဒေအရာရှိဦးစိုးမိုးသူ
တို့က မူးယစ်ဆေးဝါး အန္တရာယ်အား ဆေးလိပ်နှင့် ဆေးရွက်ကြီးအန္တရာယ်၊ ဆေးခြောက်အန္တရာယ်၊ စိတ်ကြွရူးသွပ်ဆေးပြားအန္တရာယ်၊ အရက်အန္တရာယ်၊ ကော်ရှူခြင်းအန္တရာယ်၊ ကွမ်းစားခြင်းအန္တရာယ်နှင့် မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေး နည်းလမ်းများ စသည်တို့ကို လူငယ်များ မူးယစ်ဆေးဝါးနှင့် ပက်သတ်ပြီး ရှောင်ရှားနိုင်ရန်နှင့် လူငယ်များအား မူးယစ်ဆေးဝါးအန္တရာယ် မကျရောက်ရန်အတွက် အသိပညာဗဟုသုတများရရှိစေရန် ဟောပြောခဲ့ကြောင်း သိရသည်။
ဟောပြောပွဲသို့ စာအုပ်စာပေချစ်မြတ်နိုးသူများ၊ စာပေဝါသနာပါသူ လူငယ်လူရွယ်လေးများ၊ ကျောင်းသား၊ ကျောင်းသူများ က ပြသထားသည့် စာအုပ်၊ စာစောင်များကို လေ့လာကြည့်ရှု့ခဲ့ကြောင်း သတင်းရရှိသည်။
ကိုဇော် (ပြန်/ဆက်)