အထက်မင်းလှ ဇွန် ၂၂
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်၌ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ပြင်ဆင်ထိန်းသိမ်းရေးလုပ်ငန်းမှ မင်းဘူး(ကျွဲသုံးမြောင်)-မင်းလှလမ်းပေါ်တွင် မျက်ကွယ်ကွေ့နှင့် ကုန်းမြင့်ဖြတ်ထုတ်ခြင်းလုပ်ငန်း ကတ္တရာလမ်းသစ်ခင်းခြင်းလုပ်ငန်းများကို မင်းလှမြို့နယ်လမ်းဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက် ၉နာရီခွဲက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များမှ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။
မင်းလှမြို့နယ်တွင် မင်းဘူး(ကျွဲသုံးမြောင်)-မင်းလှလမ်း(မိုင်၁၃/၂၁၃/၄)အတွင်း မျက်ကွယ်ကွေ့နှင့် ကုန်းမြင့်အား ဖြတ်ထုတ်ခြင်းနှင့် လမ်းအရှည်ပေ(၅၀၀)၊ လမ်းအကျယ်(၂၄)ပေအား ကတ္တရာလမ်းသစ်ခင်းခြင်းလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ခွင့်ပြုရန်ပုံငွေချထားပေးခဲ့ပြီး မြို့နယ်လမ်းဦးစီးဌာနမှ လုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ မျက်ကွယ်ကွေ့ကုန်းမြင့် ဖြတ်ထုတ်ခြင်းနှင့် ကတ္တရာလမ်းသစ်ခင်းခြင်းလုပ်ငန်း ဆောင်ရွက် နေမှုအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္က္ကဋ္ဌနှင့် အဖွဲ့ဝင်များက ကွင်းဆင်းကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များအား ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ဇာဇာ(အထက်မင်းလှ)