စစ်ကိုင်းမြို့ ဧရာဝတီမြစ်အတွင်းသို့ ငါးသားပေါက်ကောင်ရေ (၄)သိန်း ငါးလွှတ်ပွဲ ကျင်းပ

စစ်ကိုင်း ဇွန် ၂၂

စစ်ကိုင်းခရိုင် ငါးလုပ်ငန်းဦးစီးဌာနမှ ကြီးမှူး၍ ဧရာဝတီမြစ်အတွင်း ငါးလွတ်ပွဲအခမ်းအနားကို နံနက်ပိုင်းက စစ်ကိုင်းမြို့ ကမ်းနားလမ်း ဆက်သွယ်ရေးတာဝါတိုင်အနီးတွင် ကျင်းပ ပြုလုပ်ခဲ့ကြကြောင်း သိရသည်။

ငါးသယံဇာတ မပြုန်းတီးစေရေး၊ ငါးစားသုံးမှုဖူလုံရေးအတွက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့တာ ဝန်ရှိသူများ၊ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များက ငါးမြစ်ချင်း(၂)လက်မ အရွယ်ကောင်ရေ (၂)သိန်း၊ ငါးခုံးမကြီး(၂)လက်အရွယ်ကောင်ရေ(၂)သိန်း၊ စုစုပေါင်းကောင်ရေ(၄)သိန်းတို့ကို တစ်ပြိုင် တည်း ဧရာဝတီမြစ်အတွင်းသို့ လွတ်ပေးလိုက်ကြသည်။

စစ်ကိုင်းခရိုင် ငါးလုပ်ငန်းဦးစီးဌာနအနေဖြင့် နှစ်စဉ်ဧရာဝတီမြစ်အတွင်းသို့ ငါးသားပေါက်များ စိုက်ထည့်ခြင်း၊ အင်းအိုင်ချောင်းမြောင်းများ အတွင်းသို့ ငါးမျိုးများ စိုက်ထည့်ခြင်းတို့ကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိကြောင်း ခရိုင်ငါးလုပ်ငန်းဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောပြ၍ သိရသည်။

ဇော်မြင့်နိုင်