မေတ္တာ ဇွန် ၂၂
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ မေတ္တာမြို့တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် မြို့အတွင်းရှိ အခြေခံပညာအထက်တန် းကျောင်း (၁) ကျောင်း ယမန်နေ့နေ့နံနက် (၉) နာရီက စတင်ဖွင့်လှစ်ခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာ ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။
အဆိုပါ မြို့အတွင်းရှိ အထက်တန်းကျောင်း (၂) ကျောင်း၊ အ-ထ-က (ခွဲ) (၃) ကျောင်း၊(အ-လ-က) (၁) ကျောင်း၊ မူလွန် (၅) ကျောင်း၊ (အ-မ-က) (၂၄) ကျောင်းရှိပြီး စုစုပေါင်းကျောင်းပေါင်း (၃၅) ကျောင်းရှိရာ ယခုလက်ရှိအခြေအနေတွင် မေတ္တာ (အ-ထ-က) ကျောင်း (၁) ကျောင်းသာ ဖွင့်လှစ် နိုင်ခဲ့ပြီး ကျောင်းအပ်နှံမှုများသည် ယခင်နှစ်ထက် ပိုမိုများပြားလာပြီး ကျောင်းအပ်နှံပြီးစီးသူ (၅၈၁) ဦးရှိပြီး ယနေ့ကျောင်းဖွင့်ရက်တွင် လာရောက်တက်ရောက်သူ (၅၃၃) ဦး ရှိကြောင်း၊ တာဝန်ရှိဆရာမတစ်ဦးထံမှ သိရသည်။
အေးအေးချို (မေတ္တာ-ပြန်/ဆက်)