ဘုတ်ပြင်းမြို့ရှိ  ရာဇမုနိစေတီတော်၏ ငှက်မြတ်နားတော် ရာသီဥတုဒဏ်ကြောင့် မြေခမှုဖြစ်ပွား

ဘုတ်ပြင်း ဇွန် ၂၂

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းမြို့နယ်တွင် ရာဇမုနိစေတီတော်၏ ငှက်မြတ်နားတော်သည် ယမန်နေ့နံနက်   ၁၁ နာရီခွဲခန့်အချိန်က ရာသီဥတုဒဏ်ကြောင့် မြေခခဲ့ကြောင်းသိရသည်။

ဖြစ်စဉ်မှာ ဘုတ်ပြင်းမြို့နယ် ရွှေဘုံသာရပ်ကွက် မဏိဇေယျာကုန်းတော်ပေါ်ရှိ ရာဇမုနိဆုတောင်းပြည့်စေတီတော်အနီးတွင် နေထိုင်သည့် ဘုရားဂေါပကအဖွဲ့ဝင်နှင့် ဘုရားဝေယျာဝစ္စ ပစ္စည်းထိန်းသိမ်းရေးတာဝန်ခံ ဦးဝင်းရွှေသည် ရွှေတီတော်ရင်ပြင်အား အမှိုက်လှဲရန်အတွက် ရင်ပြင်ပေါ်သို့ရောက်စဉ် စေတီတော်၏မြောက်ဘက်အရပ်၊ သောကြာနံထောင့်၏ ပန်းတင်ခုံပေါ်တွင်  စေတီတော်၏ငှက်မြတ်နားတော်မှာ မြေခနေသည်ကို စတင်တွေ့ရှိရသဖြင့် သက်ဆိုင်ရာသို့ အကြောင်းကြားခဲ့ရာ ဘုတ်ပြင်းမြို့နယ် အမှတ်(၁၃) စစ်ဆင်‌ရေးကွပ်ကဲမှုဌာနချုပ်မှ စစ်ဦးစီးမှူး (ပထမတန်း) ဒုတိယဗိုလ်မှူးကြီးသော်ဇင်နိုင်၊ ဘုတ်ပြင်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ခေတ္တဥက္ကဋ္ဌ ဗိုလ်မှူးရဲလင်းဦးနှင့်အဖွဲ့ဝင်များ မြို့နယ်သာသနာရေးမှူး၊ ဘုရားဂေါပကအဖွဲ့ဝင်နှင့်အတူ  စေတီတော်ရင်ပြင်သို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရသည်။ အဆိုပါငှက်မြတ်နားတော်သည် အလျား ( ပေ၊ ၁၀ လက်မခန့်) အမြင့် ( ပေ၊ လက်မခန့်) အရွယ်၊ ရွှေရောင်စတီးပြားအပါးဖြင့် ပြုလုပ်ပူဇော်ထားရှိကြောင်း သိရသည်။

အဆိုပါ ရွှေတီဂုံပုံတူစေတီတော်သည် ဉာဏ်တော်အမြင့် (၄၅)တောင်ရှိပြီး ၂၀၀၁ ခုနှစ် မေလ ၁၃ ရက်နေ့တွင် တည်ထားကိုးကွယ်ခဲ့ကြပြီး ၂၀၁၄ ခုနှစ် မတ်လ ၃၁ ရက်နေ့တွင် ဒုတိယအကြိမ် ရွှေထီးတော်တင်လှူပူဇော်ခဲ့ကြောင်းသိရသည်။ ဒုတိယအကြိမ်ရွှေထီးတော်တင်လှူပြီးနောက် () နှစ်ကျော် ကာလအတွင်းဆားငံငွေ့နှင့် လေဒဏ်/မိုးဒဏ် စသည့်ရာသီဥတုဒဏ်ကြောင့် ဂဟေကွာကျကာမြေခခဲ့ခြင်းဖြစ်သည်ဟုယူဆကြောင်း သိရှိရသည်။

စေတီတော်အနီးရှိ အောင်မေတ္တာတောရကမ္မဋ္ဌာန်းကျောင်းဆရာတော် ဦးသောဘိတအား ရင်ပြင်တော်သို့ပင့်ဖိတ်ကာ ဖြစ်စဉ်အားလျှောက်ထား၍ ဩဝါဒခံယူပြီးနောက် ဆရာတော်ဦးသောဘိတနှင့် ဒုတိယဗိုလ်မှူးကြီးသော်ဇင်နိုင်၊ မြို့နယ်စီမံအုပ်ရေးအဖွဲ့တို့သည် ငှက်မြတ်နားတော်အား ပင့်ဆောင်လာရာ ရွှေဘုံသာရပ်ကွက်ရှိ မြို့မရဲစခန်းဝင်းအတွင်းရှိ ငွေတိုက်တွင် ငှက်မြတ်နားတော်အား စနစ်တကျယာယီ အပ်နှံသိမ်းဆည်းထားရှိကြောင်း သိရသည်။

မြို့နယ်( ပြန်/ဆက်)