ပိုင်ကျုံ ဇွန် ၂၁
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက်ကလေးစာဖတ်ခန်း၌ ယမန်နေ့မွန်းလွဲ (၄:၃၀)နာရီအချိန်က မူးယစ်ဆေးဝါးအန္တရာယ်အသိပညာ ဟောပြောပွဲဆောင်ရွက်ခဲ့သည်။
ရှေ့ဦးစွာ ပိုင်ကျုံမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြိုဦးစီးမှူး ဒေါ်နော်ခူးခူးကဟောပြောပွဲ ဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်များကိုရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ မြို့ဦးစီးမှူးက မူးယစ်ဆေးဝါးဆိုသည်မှာ အဘယ်နည်း၊ လူငယ်များအတွက် မူးယစ်ဆေးဝါးသည် အဘယ်ကြောင့်အထူးအန္တရာယ်ရှိသနည်း၊ လူငယ်များသည် မည့်သည့် ဆေးဝါးများကို အများဆုံး အသုံးပြုကြသနည်း၊ အဘယ်ကြောင့် လူငယ်များသည် မူးယစ်ဆေးဝါးသုံးစွဲကြသနည်း၊ လူငယ်တစ်ဦးတွင် မူးယစ်ဆေးဝါးပြဿနာရှိနေသည်ကို့ မည်သည့် လက္ခဏာပြသနည်း လူငယ်များမူးယစ်ဆေးဝါးသုံးစွဲခြင်းကို ကာကွယ်နိုင်ပါသလားစသည့် အကြောင်းအရာများကို ဆွေးနွေးဟောပြောကြားပြီး နိုင်ငံ့တာဝန်ကို ပခုံးပြောင်းထမ်းဆောင်ရမည့် လူငယ်များအနေဖြင့် မူးယစ်ဆေးဝါးသုံးစွဲခြင်းမှ ရှောင်ကြဉ်ရန်လိုအပ်ကြောင်း ဆွေးနွေးပြောကြားခဲ့သည်။
ထို့နောက် ဟောပြောပွဲတွင် တက်ရောက်လာကြသည့် ကျောင်းသားလူငယ်များက မိမိသိလိုသည့်အချက်များကို မေးမြန်းပြီး မြို့ဦးစီးမှူးက ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
နော်ခူး( ပြန်/ဆက် )