လက်ပံတန်းမြို့ဈေးတွင် မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေ

လက်ပံတန်း ဇွန် ၂၁

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဇွန် ၂၆ ရက်နေ့တွင် ကျရောက်သော အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အသိပညာပေး "သတင်းစကား" လက်ကမ်းစာစောင်များကို မြို့မဈေး၌ ယနေ့နံနက်ပိုင်းက ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။

အဆိုပါ လက်ကမ်းစာစောင်တွင် အမျိုးသားမူးယစ်ဆေးဝါးထိန်းချုပ်ရေးမူဝါဒ၊ မူးယစ်ဆေးဝါးပြဿနာနှင့် ဖွံဖြိုးတိုးတက်ရေး၊ မူးရစ်ဆေးဝါးသုံးစွဲခြင်း၏ဆိုးကျိုးများ၊ မူးရစ်ဆေးဝါးအန္တရာယ်ကို ဘက်ပေါင်းစုံမှ တားဆီးနှိမ်နှင်းကာကွယ်ရေး ကဗျာ၊ ကာတွန်း စသည့်အချက်များ ပါဝင်ကြောင်းသိရသည်။

မြို့နယ် (ပြန်/ဆက်)