ပဲခူးခရိုင် မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာများ ပုံမှန်ထုတ်ပေး

ပဲခူး ဇွန် ၂၁

ပဲခူးခရိုင် မြန်မာ့စီးပွားရေးဘဏ်၌ အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေများကို ယနေ့ နံနက်  ၇ နာရီမှစ၍ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ အလှည့်ကျ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ ပင်စင်ထုတ်ပေးရာတွင် ယနေ့ထုတ်ယူရမည့် မြို့တွင်းကြီး၊ နန်းတော်ရာ၊ ရုံးကြီး၊ ရှင်စောပု၊ လိပ်ပြာကန်၊ ပုဏ္ဏားစု၊ ပန်းလှိုင်ရပ်ကွက်များမှ အငြိမ်းစား ဝန်ထမ်းများအား ထုတ်ပေးလျက်ရှိရာ လာရောက်ထုတ်ယူသူ များပြားလျက်ရှိပြီး ကိုယ်တိုင်လာရောက် ထုတ်ယူနိုင်ခြင်း မရှိသူများအနေဖြင့်လည်း မိသားစုဝင်တစ်ဦးမှ ကိုယ်စားလှယ်လွှဲစာဖြင့် ကိုယ်စားထုတ်ယူနိုင်ကြောင်း သိရသည်။

သက်ဖြိုးကြိုင်၊ ခရိုင်(ပြန်/ဆက်)