ပြည်ကြီးမဏ္ဍိုင် ဇွန် ၂၁
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ပြည်ကြီးမဏ္ဍိုင်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် ကျောင်းသား၊ ကျောင်းသူများ စာကြည့် တိုက်နှင့်ရင်းနှီးကျွမ်းဝင်မှုရှိစေရန်၊ စာကြည့်တိုက်အား အကျိုးရှိစွာ အသုံးချတတ်စေရန်ရည်ရွယ်၍ နံရံကပ်စာစောင်ပြပွဲနှင့် ဉာဏစွမ်း ရည်ပြိုင်ပွဲကို ယမန်နေ့ ညနေကကျင်းပခဲ့သည်။
ရှေးဦးစွာ ပြည်ကြီးမဏ္ဍိုင်မြို့ ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ကေခိုင်ဝင်းက ကျောင်းသား၊ကျောင်းသူများ စာပေကိုလေ့လာဖတ်ရှုကာ စာပေအသိပညာ ဗဟုသုတများ မြင့်မားလာစေရန် ရည်ရွယ်၍ ပြုလုပ်ရခြင်းဖြစ်ကြောင်း၊ ပြပွဲတွင် မူးယစ်ဆေးဝါး အန္တရာယ်အကြောင်း သိကောင်းစရာများ၊ မူးယစ်ဆေးဝါးဖြစ်ပေါ်လာပုံစသည့် အသိပညာပေးနံရံ ကပ်စာစောင်များပြသထားရာ ကျောင်းသား/ကျောင်းသူများ စိတ်ပါဝင်စားစွာ လေ့လာကြပြီးနောက် ကလေးစာဖတ်ခန်းတွင် စာဖတ်စွမ်းရည်ပြိုင်ပွဲအား ဆက်လက်ကျင်းပရာ အ.လ.က(ပြည်ကြီး မဏ္ဍိုင်)ကျောင်းမှ ကျောင်းသား ၊ကျောင်း သူ (၁၅) ဦးပါဝင်ယှဉ် ပြိုင်ခဲ့ကြပြီးဆုရရှိသည့် ကလေးငယ်များအား ဆုများအသီးသီးချီးမြှင့်ခဲ့ကြောင်း သိရသည်။
ကေခိုင်ဝင်း(ပြန်/ဆက်)