လှည်းကူး ဇွန် ၂၁
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ပြည်သူများဗဟုသုတတိုးပွားစေရန် နံရံကပ်စာစောင်ပြသခြင်းလုပ်ငန်း၊ ဓာတ်ပုံပြသဆောင်ရွက်ခြင်းနှင့် ဟောပြောပွဲဆောင်ရွက်ခြင်းလုပ်ငန်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိရာ ၂၀၂၂ ခုနှစ်၊ ဇွန်လ(၂၆)ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြိုဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့်စာအုပ်စာစောင်ပြပွဲကို ယနေ့နံနက်ပိုင်း(၁၀)နာရီက လှည်းကူးမြို့နယ်လူထုအခြေပြုဗဟိုဌာနတွင် ပြုလုပ်ဆောင်ရွက်ကြောင်းသိရှိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်အေးအေးနွဲ့က ကျောင်းသား/ သူလူငယ်လူရွယ်လေးများအား မူးယစ်ဆေးဝါးသမိုင်းကြောင်းများ၊ မူးယစ်ဆေးဝါးသုံးစွဲခြင်းကြောင့် ဖြစ်ပေါ်နိုင်သောရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာထိခိုက်မှုများ၊ မူးယစ်ဆေးဝါးအမျိုးအစားများအကြောင်းကို အသိပညာပေးဟောပြောပြီးနောက် စာကြည့်တိုက်တွင် စာအုပ်များလာရောက်ငှားရမ်းသည့် အလေ့အကျင့်ရှိစေရန်နှင့် စာဖတ်ခြင်းဖြင့်အသိပညာဗဟုသတများ ရရှိစေရန်ရည်ရွယ်၍ စာအုပ်စာစောင်များကို ပြသဆောင်ရွက်ခြင်းနှင့်မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေးအသိပညာပေးနံရံကပ်စာစောင်များကို ပြသဆောင်ရွက်ထားရာ ကျောင်းသား/သူများတို့က စိတ်ဝင်စားစွာကြည့်ရှုလေ့လာဖတ်ရှုခဲ့ကြကြောင်းသိရှိရသည်။
အေးအေးနွဲ့ (ပြန်/ဆက်)