စစ်ကိုင်းမြို့တွင် တန်ဖိုးမြှင့်စားသောက်ကုန် အမျိုးမျိုးထုတ်လုပ်မှုသင်တန်း အမှတ်စဉ်(၁/၂၀၂၂) ဖွင့်လှစ်

စစ်ကိုင်း ဇွန် ၂၁

စစ်ကိုင်းခရိုင် အသေးစားစက်မှုလက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ကြီးမှူး၍ တန်းဖိုးမြှင့်စားသောက်ကုန် အမျိုးမျိုးထုတ်လုပ်မှု သင်တန်းအမှတ်စဉ်(၁/၂၀၂၂)ဖွင့်ပွဲကို ယမန်နေ့ နံနက် (၁၀)နာရီက စိန်ကုန်းတိုက်နယ်၊ လေးကျွန်းမြေရပ်ကွက်ရှိ အဆိုပါရုံးတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

သင်တန်းဖွင့်ပွဲတွင် စစ်ကိုင်းခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ခရိုင်ဦးစီးမှူးက သင်တန်းသား/ သင်တန်းသူများအနေဖြင့် ကြိုးကြိုးစားစားနဲ့ စိတ်ပါဝင်စားစွာ လေ့လာသင်ယူသွား ကြပါလို့ပြောကြားလိုကြောင်း စားသောက်ကုန်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာသည်နှင့် နိုင်ငံတော်အတွက် အထောက်အကူဖြစ်စေမှာဖြစ်ကြောင်း မိမိတို့ရဲ့တစ်ပိုင်တစ်နိုင်လုပ်ငန်းမှသည် အောင်မြင်တဲ့လုပ်ငန်းရှင်ကြီးများဖြစ်အောင် ကြိုးစားသင်ယူသွားကြပါလို့ စသည်ဖြင့်ပြောကြားခဲ့သည်။

အဆိုပါသင်တန်းကို ဇွန်(၂)ရက်နေ့မှ(၂၆)ထိ သင်တန်းဖွင့်လှစ်ပေးသွားမှာဖြစ်ပြီး သင်တန်းသား/ သင်တန်းသူ(၂၀)ဦး တက်ရောက်ကြကာ ခရိုင်/ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူများနှင့် သင်တန်းနည်းပြများ၊ သင်တန်းသားများတက်ရောက်ခဲ့ကြကြောင်း သိရသည်။

ဇော်မြင့်နိုင်

စစ်ကိုင်းခရိုင် (ပြန်/ဆက်)