ကသာ ဇွန် ၂၁
(၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာ အဆို၊ အက၊ အရေး၊ အတီး ခရိုင်အဆင့်ပြိုင်ပွဲကျင်းပရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် (၁၀) နာရီက ကသာခရိုင် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည်။
အစည်းအဝေးတွင် ကသာခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းကျော်ကျော်က အဖွင့်အမှာ စကားပြောကြားပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထက်ဝင်းက ၂၃ ကြိမ်မြောက် မြန်မာ့ရိုးရာ အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲတွင် မြို့နယ်အဆင့် ပြိုင်ပွဲဝင်များ ရွေးချယ် ဆောင်ရွက်မှုအခြေအနေ၊ လေ့ကျင့်သင်ကြားပေးမှု အခြေအနေတို့ကိုလည်းကောင်း၊ စည်ပင်ဦးစီးဌာနအနေဖြင့် ကြော်ငြာဗီနိုင်း စိုက်ထူမှုအခြေအနေတို့ကိုလည်းကောင်း တင်ပြဆွေးနွေးကြသည်။
ထို့နောက် တက်ရောက်လာကြသော ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့မှ အဖွဲ့ဝင်များက လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးကြပြီး အစည်းအဝေးကို နေ့လည် (၁)နာရီအချိန်တွင် ရပ်နားခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)