ကဝမြို့နယ်၌ မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေး Talk Show ကျင်းပ

ကဝ ဇွန် ၂၀

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန (Community   Center)ခန်းမတွင် ၂၀၂၂ခုနှစ်၊ ဇွန်လ(၂၆)ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်  အသိပညာပေး Talk Show ကို ယနေ့နံနက်(၁၁)နာရီက ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ကဝမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ  ဒေါ်သန်းသန်းဝင်းက မူးယစ်ဆေးဝါး၏ဆိုးကျိုးအန္တရာယ်များ၊ မူးယစ်ဆေးဝါးအမျိုးအစားများ၊ မူးယစ်ဆေးဝါးသုံးစွဲရခြင်း အကြောင်းအရာများနှင့် မူးယစ်ဆေးဝါးသုံးစွဲမှု မရှိစေရေးအတွက်   အသိပညာပေး  Talk Show ဆောင်ရွက်ပေးရခြင်းဖြစ်ကြောင်းနှင့်  မူးယစ်ဆေးဝါး တိုက်ဖျက်ရေး လုပ်ငန်းများကို မြန်မာနိုင်ငံတွင် သာမက ကမ္ဘာ့နိုင်ငံများတွင်ပါ အရှိန်အဟုန်မြှင့် ဆောင်ရွက်နေကြောင်းတို့ကို ရှင်းလင်းဆွေးနွေးခဲ့သည်။

ထို့နောက် ဒုတိယဦးစီးမှူးဒေါ်သီတာဝင်းက မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးလုပ်ငန်းများ၊ မူးယစ်ဆေးဝါးသုံးစွဲခြင်းကြောင့် ဖြစ်ပေါ်နိုင်သော ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ၊ လူမှုရေးဆိုင်ရာ ဆိုးကျိုးများအကြောင်း၊နောက်ဆက်တွဲ ခံစားရမှုများ၊ မူးယစ်ဆေးဝါးသည် တစ်မျိုးသားလုံး၏ အဓိကရန်သူဖြစ်ကြောင်းနှင့် မူးယစ်ဆေးဝါးပပျောက်ရေးအတွက် အမျိုးသားရေးတာဝန်အဖြစ်သတ်မှတ်ပြီး ပြည်သူများအားလုံး ပူးပေါင်းပါဝင်ကြဖို့လိုကြောင်း ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

 မြို့နယ်(ပြန်/ဆက်)